ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၂

Photo by Fikri Rasyid on Unsplash

အခုဒီစာရေးနေတဲ့အချိန်မှာ တိုကျိုမှာဘဲရှိသေးတယ်။ သိပ်မအိပ်ချင်သေးတာနှင့် ခရီးသွားအတွေ့အကြုံလေးတွေရေးမယ်ဆိုပြီးချရေးဖြစ်တယ်။ ပထမပိုင်းတုန်းက Visa အတွေ့အကြုံတွေအကြောင်းရေးခဲ့ပြီးပီ။ အခုဒီအပိုင်းမှာတော့ သွားဖို့လာဖို့ပြင်ဆင်တာလေးတွေ ရေးသားသွားမယ်။

လေယျာဉ်လက်မှတ်ကတော့ VISA မလျောက်ခင်ကတည်းကဝယ်ထားရမယ်ဆိုတာသိလို့ ၆ လ ၇ လလောက်ကြိုဝယ်ထားဖြစ်တယ်… Singapore Airline မှ 600 လောက်ဘဲကျတယ်။ (မှတ်ချက် ကျွန်တော်က စင်ကာပူမှသွားတာဖြစ်တယ်။)

ဒါတွေပြီးပီဆိုရင်တော့ နေထိုင်စရာပြင်ဆင်ကမယ်… ကျွန်တော့်တုန်းကအသဲအသန် အမြန်ရှာတာ Hotel စျေးတွေကြည့်ပြီးတော့ တော်တော်လေးခေါင်းခဲကတယ်… အဲ့ဒါပြင်ဆင်တာကိုဘဲ သုံးရက်လောက်ကြာသွားတယ်။(ရုံးအပြန်မှလုပ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့လောက်ကြာသွားခြင်းဖြစ်တယ်) Hotel ရွေးတဲ့နေရာမှာရွေးချယ်စရာတွေအများကြီးဘဲ… စျေးသင့်တာနှင့်သွားလို့လာလို့အကောင်းဆုံးဖြစ်မယ့် Hotel တွေရွေးဖြစ်တယ်…(ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံဆိုတော့ နည်းနည်းလွဲတာလေးတွေတော့ရှိတာပေါ့)

သွားမယ့်ရက်နားနီးမှဘယ်မြို့တွေသွားမယ်ဆိုပြီးရွေးတော့သွားချင်တဲ့နေရာတွေအများကြီးဖြစ်နေတယ် စရိတ်စကနှင့်ကိုယ့် budget ပြန်တွက်လိုက်တော့ Tokyo-Kyoto-Nara-Osaka-Tokyo ခရီးစဉ်ဘဲဖြစ်သွားတယ်… အဲ့မှာမှ JR Pass ဆိုတာကိုသေချာစကြည့်မိတယ်…

မြို့တစ်မြို့နှင့်တစ်မြို့သွားဖို့ကျည်ဆံရထားနှင့်သွားရင်လက်မှတ်ခကစျေးကြီးတယ်… JR Pass ဆိုတာက နိုင်ငံခြားခရီးသွားတွေအတွက် သီးသန့်ရောင်းတဲ့ ကျည်ဆံရထားလက်မှတ် လို့ပြောကမယ်ထင်တယ်… သူကတစ်ပတ်စာ တစ်လစာအဲ့လိုမျိုးရောင်းတယ် နောက်ထပ်ထူးတာကကျဉ်ဆံရထားတင်မဟုတ်ဘဲ JR Company ကရထားလိုင်း ကားလိုင်းတွေပါ အခမဲ့စီးလို့ရတယ်။ လူတိုင်း JR အကြာင်းပြောတာတစ်ခုကတော့ များများစီးကမယ်ဆိုတန်တယ်ဆိုတာပါဘဲ။

ကျွန်တော်သေချာဘာမှမလေ့လာဘဲလေယျာဉ်လက်မှတ်ဝယ်လိုက်တာ Singapore-Tokyo-Singapore ဘဲရွေးဖြစ်တယ်… တကယ်ဖြစ်သင့်တာက Singapore-Osaka နှင့် Tokyo-Singapore ပါ… ခရီးစဉ်ပြောင်းလဲမှုလေးတွေကြောင့်လဲပါတော့ပါပါတယ်…

ကျွန်တော့်လမ်းကြောင်းက Tokyo ကိုဘဲပြန်လာရမှာဖြစ်တဲ့အတွက်ကြောင့် JR Pass ကိုတစ်ပတ်စာဝယ်လိုက်တယ်။ JR တစ်ပတ်စာဝယ်လိုက်တော့ ခရီးစဉ်မှာ တိုကျိုမှာလေးရက်ကြာသွားတယ်။ စရောက်ကာစနှစ်ရက်နှင့် မပြန်ခင်နှစ်ရက်။

JR Pass ဝယ်တာလည်းတော်တော်လေးလောလိုက်တယ်။ မနက်ဖြန်လေယျာဉ်စီးကမယ်ဆို ဒီနေ့လိုည ၁၂ နာရီပတ်ဝန်းကျင်မှဝယ်ဖြစ်လိုက်တယ်။ Changi လေဆိပ်မှာ Pickup ဖြစ်လို့တော်သေးတယ်… ကျွန်တော့်မိန်းမအကြောင်းပြုပြီးတော့ Coupon code apply လုပ်လိုက်တာ S$100 ကျော်လောက်သက်သာသွားတယ်။

ပြင်တာဆင်တာကတော့ဒီလောက်ပါဘဲ… နောက်မှဘယ်သွားခဲ့တယ်ဆိုတာ သေချာဆက်ရေးသားတော့မယ်။

This Impossible Light

ဟိုတစ်နေ့က Clementi ကသူငယ်ချင်းဆီသွားရင်း Library ပါတော့ လူငယ်စာအုပ်တန်းမှာ ဒီ this impossible light ဆိုတဲ့စာအုပ်တွေ့လို့ နည်းနည်းစမ်းဖတ်ကြည့်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလာတာနှင့် ငှါးဖြစ်ခဲ့တယ်။ လေးငါးဆယ်မျက်နှာလောက်ဘဲဖတ်ဖြစ်ပြီးတော့ ဆက်မဖတ်ဖြစ်လိုက်ဘူး။ ဒီနေ့မှအပြီးဖတ်မယ်ဆိုပြီး ဖတ်ဖြစ်လိုက်တယ်။

ပေါ့ပေါ့ပါးပါးကဗျာလေးတွေဖတ်နေရသလိုဘဲ။ ၁၅ နှစ်အရွယ်ကိုယ့်ကိုယ်ကို Smart Girl ထင်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးထားတာ။ အဓိကကတော့လူငယ် မိန်းကလေးတွေမှာဖြစ်တက်တဲ့ ငါဝနေပီ ဆိုတာမျိုးဖြစ်ပြီး အလွန်အကျူး ကိုယ်စိတ်ထင်တဲ့နည်းနှင့် ဝိတ်လျှော့တာမျိုးလုပ်တာကို ပညာပေးလိုလို စိတ်ကူးပုံဖော်ထားသလို ရေးထားတာပါ။

စာအရေးအသားကကဗျာလိုရေးထားတော့ဖတ်ရတာအတော်လေးအရသာတွေ့မိတယ်။ ပေါ့ပေါ့ပါးပါး တစ်နာရီနှစ်နာရီလောက် အချိန်ပေးဖတ်တာနှင့် ပြီးတဲ့စာအုပ်ဖြစ်တာမလို့ သဘောကျမိတယ်။ ကျောင်းစာကြည့်တိုက်လိုမျိုးမှာရှိသင့်တဲ့စာအုပ်တစ်အုပ်ဆိုမမှားပါဘူး။

ကဗျာလိုဝတ္ထုရေးတာကိုပေါ့ပေါ့ပါးပါးဖတ်ချင်တယ်ဆိုရင်တော့ ဖတ်ကြည့်သင့်တယ်။ ဖတ်မယ်ဆို Target audience က လူငယ်ဆယ်ကျော်သက်တွေအတွက်ဆိုတာကိုတော့ စိတ်ထဲမှာထည့်ထားပေါ့။

2017 Macbook တစ်စခန်း

ကျွန်တော့် MacBook Pro မီးမလင်းတော့တဲ့ Version ကစဝယ်ကတည်းကအတော်လေးတိုင်ပတ်တာဝယ်ပြီးတစ်နှစ်ကျော်တဲ့အထိဘဲ။ စဝယ်တော့ကျွန်တော့် အမျိုးသမီးအတွက်။ နောက်တော့ ကျွန်တော့်ကျွန်တော့်စက်ဖြစ်သွားတယ် 😆။ ကိုယ့်လက်ထဲရောက်မှ Display ကအစင်းတွေထလာလို့တစ်နှစ်အတွင်းဆိုတော့ မြန်မာပြည်ဝင်းမိုဖိုင်းမှာ ဝယ်ထားတာ အဆင်ပြေမှာပါဆိုပြီးသွားပြတာ… Display ကတော့ကောင်းသွားပါရဲ့ အောက်အဖုံးဘက်မှာပြန်ပိတ်ပေးတာစောက်တလွဲဟတတဖြစ်နေတယ်။ ဖုန်းဆက်တော့မြန်မာပြည်မှာဘဲ Authorize ရှိလို့ပြင်လိုက်တာအဲ့လိုဖြစ်သွားတယ်ဆိုဘဲ။ (အတိုချုံးရေးကရင် တာဝန်ယူမှုမရှိဘူး)။

အဲ့ဒါပြင်ပြီး သိပ်မကြာဘူး Programmer တို့ထုံးဆံအတိုင်း နေ့ရက်တိုင်းကီးဘုတ်မှာ ခရီးသွားနေတာ မိုင်ချီကြာလာတော့ Apple ကအသစ်ဆက်ဆက်မိတ်ဆက်လိုက်တဲ့ Butter Fly ကီးဘုတ်ကတိုင်ပတ်လာတယ်။ အဲ့အချိန်ကစက်ဝယ်ထားတာတစ်နှစ်ကျော်ပြီ။ Win Mobile ကလည်းစောက်တလွဲဆိုတော့ အဲ့လည်းပြန်မသွားချင်တာနှင့် External Keyboard နှင့်သုံးလိုက် လွတ်တစ်ချက်မလွတ်တစ်ချက် Original ကီးဘုတ်လေးသုံးလိုက်လုပ်နေတာ စင်ကာပူရောက်တော့ရုံးကစက်သုံးနေတာနှင့် ကိုယ့်စက်ကိုယ်တောင်ကောင်းကောင်းမသုံးဖြစ်ဘူး။

ဟိုတလောကမှကိုယ့်စက်ကိုပြန်သုံးဖို့လုပ်တော့ Keyboard ကတော်တော်တိုင်ပတ်နေတာကော စင်ကာပူမှာကိုယ်ရှိတုန်း Apple Store လည်းရှိတယ်ဆိုပြီးပြင်ရင်ဘယ်လောက်လောက်ကျနိုင်လဲလိုက်ကြည့်တော့မှ ကိုယ့်စက်က Apple က Keyboard ပြဿနာတက်တဲ့စက်တွေပြန်လဲပေးတဲ့အထဲပါနေတာသိရတော့တယ်။ သိသိချင်း Genius Bar ကို Booking လုပ်ပြီးသွားပို့လိုက်တယ်။ အောက်တိုဘာ ၂ ရက်ကပို့တာ အောက်တိုဘာ ၇ ရက်နေ့မှာရတယ်။ Keyboard ကော Battery ကောလဲပေးလိုက်တယ်။ Service ကတော့အတော်လေးအဆင်ပြေတယ်။ ဘာမှကိုပြောစရာမလိုဘူး။

လောလောဆယ်တော့ပြန်အဆင်ပြေနေပြီ။ ထပ်ပြီးတော့မဖောက်တော့ဘူးလို့ဘဲမျှော်လင့်မိတာဘဲ။ ပေးထားတဲ့ပိုက်ဆံနှင့်ဖြစ်လိုက်တဲ့တလွဲဆိုတာတန်တောင်မတန်ဘူး။ နောက်တစ်ခါ Laptop ဝယ်ရင်တစ်ခြား Dell တို့ Lenovo တို့ဝယ်ဖို့ပါတွေးမိတယ်။ သိပ်တော့လည်းမသိသေးပါဘူး။ ကြည့်ကြည့်တာပေါ့…

ကျွန်တော့် Blog ဖတ်တဲ့သူတွေထဲမှာ Macbook Keyboard service program ထဲမှာပါသလားဆိုတာအောက်ဖော်ပြပါ Link မှာကြည့်နိုင်ပါတယ်…

https://support.apple.com/keyboard-service-program-for-mac-notebooks

ကျွန်တော်နှင့် Sunday တစ်ရက်

စနေညကဟိုလုပ်ဒီလုပ်နှင့် နည်းနည်းနောက်ကျသွားတယ်။ ထုံးစံအတိုင်း ၁ နာရီလောက်မှအိပ်ရာထဖြစ်တယ်။ သွားတိုက်မျက်နှာသစ်ပြီးတော့ သူငယ်ချင်းအိမ်ခန်းဖေါ်တွေ ထမင်း/ဟင်း ချက်ထားထာစားတယ်။ အိပ်ခန်းကလည်းတော်တော်လေးရှုပ်နေတာနှင့် ရှင်းပြီးတော့ Clementi မှာနေတဲ့သူငယ်ချင်းအိမ်ကိုလာလည်မယ်ပြောထားတာရှိလို့ သူအိမ်မှာရှိလားဆိုပြီးတော့ Telegram ကနေ Message ပို့တော့ ရှိတယ်ပြောတာနှင့် အဝတ်အစားလဲပြီးသူ့အိမ်ဘက်ထွက်လာခဲ့တယ်။

အိမ်ကနေထွက်ပြီးအိမ်အောက်ရောက်တော့ City Mapper App သုံးပြီးတော့ဘယ်လိုသွားမလဲကြည့်တော့ တိုက်ရိုက် Bus ရှိတာတွေ့လိုက်တယ်။ ဒါပေမယ့်မိုးလင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တက်တဲ့အကျင့်ကြောင့်မလို့ 7 Eleven ရှိတဲ့ဘက်ကိုထွက်လာပြီးတော့ ကော်ဖီဝယ်သောက်… နောက်တော့မထူးပါဘူးဆိုပြီး MRT ဘဲစီးတော့မယ်ဆိုပြီးထွက်လာတယ်။

Bishan ကနေ Clementi ဆိုတော့အဝါလိုင်းကနေအစိမ်းလိုင်းပြောင်းစီးဖြစ်တယ်။ သူငယ်ချင်းနှင့်တွေ့ပြီး Clementi Mall ထဲက NLB Library ကိုသွားဖြစ်တယ်။ Comic books တွေတွေ့လို့ Bird Man စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ၁၀ မိနစ်လောက်ဖတ်ဖြစ်လိုက်တယ်။ စာအုပ်တွေကလည်းငှါးထားတာတွေအများကြီးဖြစ်နေတာဆိုတော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့စာအုပ်ဖတ်ချင်တာကြောင့် ကဗျာစာအုပ်တစ်အုပ်ဘဲငှါးဖြစ်လိုက်တယ်။

Popular စာအုပ်ဆိုင်ထဲလည်းခဏဝင်ကြည့်ပြီးတော့ အောက်ထပ်မှာကော်ဖီသောက်ရင်းရောက်တက်ရာရာပြောဖြစ်ကြတယ်။ Holland မှာနေတဲ့သူငယ်ချင်းနှင့် Clementi မှာနေတဲ့သူငယ်ချင်းက Joker သွားကြည့်ဖို့ချိန်းထားကြတယ်… ကျွန်တော်လည်း Holland ကသူငယ်ချင်းအိမ်အလည်သွားမှာဖြစ်တာမလို့ အချိန်ကလည်းသင့်တာနှင့် Clementi ကသူငယ်ချင်းလည်း Holland ကိုလိုက်လာတယ်။

စကားစမြည်ပြောရင်းကဒ်ဆွဲထုတ်ကတဲ့ Game စော့ဖြစ်တယ်။ Game ကိုဘယ်လိုခေါ်လဲဆိုတာမမှတ်မိဘူး။ နှစ်ပွဲလောက်စော့ပြီးတော့ ညစာ Ramen သွားစားဖြစ်ကြတယ်။ အချိန်ကလည်းရုပ်ရှင်ကြည့်ဖို့နီးနေတာမလို့ စားပြီး MRT ဘက်ထွက်လာပြီး သူငယ်ချင်းတွေနှင့် နှုတ်ဆတ်ပြီးတော့ အဝါလိုင်းစီးပြီးတော့ Bishan ဘက်ကိုပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်လျှော်ထားတဲ့အဝတ်တွေအခြောက်ခံစက်ထဲထည့်ပြီးဒါလေးရေးဖြစ်တယ်။ ပြီးရင်တော့ကဗျာစာအုပ်လေးဟိုဖတ်ဒီဖတ်လုပ်ပြီး အိမ်ကသူငယ်ချင်းတွေမန်ယူပွဲကြည့်ရင်ဝင်ကြည့်ဖြစ်မယ်ထင်တယ်။ ကျွန်တော့်တစ်ရက်တာ Sunday ကတော့ဒီလောက်ပါဘဲ…

ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

သွားမယ်မသွားဘူး လုပ်နေတာနှင့် VISA လျှောက်ဖို့အခုမှဘဲလုပ်ဖြစ်တယ်။ မနက်ဖြန်မနက်မှသွားလျှောက်ဖြစ်မယ်။ လောလောဆယ် စင်ကာပူမှာဆိုတော့ VISA လျောက်တာမခက်ဘူးလို့တော့ပြောကြတယ်။ မနက်ဖြန်သွားမှာဆိုတော့ကြည့်တော့ကြည့်ကြည့်ကမှာဘဲ။မြန်မာပြည်ကကျွန်တော့်အမျိုးသမီးသွားလျောက်တော့ အတူသွားမှာဘယ်သူနှင့်လဲဆိုပြီးတော့မေးတော့ အမျိုးသားနှင့်လို့ပြောလိုက်တာ လက်ထက်စာချုပ်ပါယူလာခိုင်းတယ်ဆိုဘဲ။

သွားချင်တာကကျွန်တော်… ဘာလို့လည်းတော့မသိဘူး တစ်ခါလောက်တော့ရောက်ချင်တဲ့ထဲမှာဂျပန်လည်းပါတယ်။ စင်ကာပူမှာအလုပ်ရတော့ ခရီးသွားမယ်ဆိုရင် ဂျပန်ဘဲကိုယ့်စိတ်ထဲမှာ… လေယာဉ်လက်မှတ်ဘယ်လောက်လဲကြည့်ကြည့်လိုက်တော့ စျေးကြီးတာနှင့် October လကုန်လောက်မှာဘယ်လောက်လောက်ကျလဲကြည့်တော့တိုက်ရိုက်နှစ်ယောက် ၁၂၀၀ ဆိုတော့တန်တယ်ဆိုပြီးဝယ်ဖြစ်လိုက်တယ်။ (လက်မှတ်ဝယ်တာ ၆ လလောက်စောတယ်ထင်တယ်)

၆ လဆိုတာတော်တော်ကြာတာ… ကြားထဲမှာဖြစ်ပျက်တာတွေကအများကြီးဘဲ အမျိုးသမီးနှင့်သွားမှာလိုလို မသွားဘူးလိုလိုလုပ်နေတာ VISA တောင်လာမနက်ဖြန်မှလျှောက်ဖြစ်တဲ့အခြေအနေဖြစ်သွားတယ်။ တကယ်သွားမယ်ဆုံးဖြတ်လိုက်မှ Hotel တွေလိုက်ကြည့်တာ အားပါးပါး တော်တော်စျေးကြီးတာဘဲ… ၁၁ ရက်ကို တိုကျို-ကျိုတို-အိုစာကာ တော့အနည်းဆုံးသွားမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ခရီးစရိတ်အကုန်အကျများမယ်ထင်တယ်။ စျေးကြီးမှန်းသိပေမယ့် အဲ့လောက်စျေးကြီးမယ်တော့မထင်မိလိုက်ဘူး။

Hotel တွေ Booking လုပ်ပြီးတော့…. ခရီးသွား Plan လုပ်တော့ သတိထားမိတာက စင်ကာပူ-တိုကျို-စင်ကာပူ ထက် စင်ကာပူ-တိုကျို-အိုစာကာ-စင်ကာပူ လေယျာဉ်ခရီး စီစဉ်ခဲ့ရင်ကောင်းမှာဘဲဆိုတာဘဲ။ (သေချာ research မလုပ်ဘဲ သွားချင်စိတ်ရှေ့တန်းတင်ခဲ့တဲအကျိုးတစ်ခုဘဲလို့ဘဲမှတ်ယူပါတယ်)

ရက်ရှည်နိုင်ငံရပ်ခြား ခရီးစီစဉ်ရတာ တကယ်မလွယ်တာဘဲ။ ဟိုတယ် Booking လုပ်ဖို့ကိုဘဲ သုံးရက်လောက်ကြာတယ်… ရုံးကပြန်ရောက် ဘာမှလုပ်တာမဟုတ်ဘူး Hotel တွေလိုက်ကြည့်တယ် ခရီးစဉ်ဆွဲတယ်… ကုန်ကျစရိတ်အများကြီးမကုန်အောင်လည်း တစ်ချက်ဂရုစိုက်ကတယ်။ ကိုယ်ဆွဲတဲ့ခရီးစဉ်ကလည်း ကကျိုးဂဂျောင်မဖြစ်ရ​လေအောင်လည်း Research ကလုပ်ကသေးတယ်။ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်… အေးအေးဆေးဆေးမှသေချာလေးပြန်ရေးတော့မယ် မနက်ဖြန် VISA လျောက်ဖို့ကစောစောထကဦးမယ်…