This Impossible Light

ဟိုတစ်နေ့က Clementi ကသူငယ်ချင်းဆီသွားရင်း Library ပါတော့ လူငယ်စာအုပ်တန်းမှာ ဒီ this impossible light ဆိုတဲ့စာအုပ်တွေ့လို့ နည်းနည်းစမ်းဖတ်ကြည့်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလာတာနှင့် ငှါးဖြစ်ခဲ့တယ်။ လေးငါးဆယ်မျက်နှာလောက်ဘဲဖတ်ဖြစ်ပြီးတော့ ဆက်မဖတ်ဖြစ်လိုက်ဘူး။ ဒီနေ့မှအပြီးဖတ်မယ်ဆိုပြီး ဖတ်ဖြစ်လိုက်တယ်။ ပေါ့ပေါ့ပါးပါးကဗျာလေးတွေဖတ်နေရသလိုဘဲ။ ၁၅ နှစ်အရွယ်ကိုယ့်ကိုယ်ကို Smart Girl ထင်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးထားတာ။ အဓိကကတော့လူငယ် မိန်းကလေးတွေမှာဖြစ်တက်တဲ့ ငါဝနေပီ ဆိုတာမျိုးဖြစ်ပြီး အလွန်အကျူး ကိုယ်စိတ်ထင်တဲ့နည်းနှင့် ဝိတ်လျှော့တာမျိုးလုပ်တာကို ပညာပေးလိုလို စိတ်ကူးပုံဖော်ထားသလို ရေးထားတာပါ။ စာအရေးအသားကကဗျာလိုရေးထားတော့ဖတ်ရတာအတော်လေးအရသာတွေ့မိတယ်။ ပေါ့ပေါ့ပါးပါး တစ်နာရီနှစ်နာရီလောက် အချိန်ပေးဖတ်တာနှင့် ပြီးတဲ့စာအုပ်ဖြစ်တာမလို့ သဘောကျမိတယ်။ ကျောင်းစာကြည့်တိုက်လိုမျိုးမှာရှိသင့်တဲ့စာအုပ်တစ်အုပ်ဆိုမမှားပါဘူး။ ကဗျာလိုဝတ္ထုရေးတာကိုပေါ့ပေါ့ပါးပါးဖတ်ချင်တယ်ဆိုရင်တော့ ဖတ်ကြည့်သင့်တယ်။ ဖတ်မယ်ဆို Target audience က လူငယ်ဆယ်ကျော်သက်တွေအတွက်ဆိုတာကိုတော့ စိတ်ထဲမှာထည့်ထားပေါ့။

2017 Macbook တစ်စခန်း

ကျွန်တော့် MacBook Pro မီးမလင်းတော့တဲ့ Version ကစဝယ်ကတည်းကအတော်လေးတိုင်ပတ်တာဝယ်ပြီးတစ်နှစ်ကျော်တဲ့အထိဘဲ။ စဝယ်တော့ကျွန်တော့် အမျိုးသမီးအတွက်။ နောက်တော့ ကျွန်တော့်ကျွန်တော့်စက်ဖြစ်သွားတယ် 😆။ ကိုယ့်လက်ထဲရောက်မှ Display ကအစင်းတွေထလာလို့တစ်နှစ်အတွင်းဆိုတော့ မြန်မာပြည်ဝင်းမိုဖိုင်းမှာ ဝယ်ထားတာ အဆင်ပြေမှာပါဆိုပြီးသွားပြတာ… Display ကတော့ကောင်းသွားပါရဲ့ အောက်အဖုံးဘက်မှာပြန်ပိတ်ပေးတာစောက်တလွဲဟတတဖြစ်နေတယ်။ ဖုန်းဆက်တော့မြန်မာပြည်မှာဘဲ Authorize ရှိလို့ပြင်လိုက်တာအဲ့လိုဖြစ်သွားတယ်ဆိုဘဲ။ (အတိုချုံးရေးကရင် တာဝန်ယူမှုမရှိဘူး)။ အဲ့ဒါပြင်ပြီး သိပ်မကြာဘူး Programmer တို့ထုံးဆံအတိုင်း နေ့ရက်တိုင်းကီးဘုတ်မှာ ခရီးသွားနေတာ မိုင်ချီကြာလာတော့ Apple ကအသစ်ဆက်ဆက်မိတ်ဆက်လိုက်တဲ့ Butter Fly ကီးဘုတ်ကတိုင်ပတ်လာတယ်။ အဲ့အချိန်ကစက်ဝယ်ထားတာတစ်နှစ်ကျော်ပြီ။ Win Mobile ကလည်းစောက်တလွဲဆိုတော့ အဲ့လည်းပြန်မသွားချင်တာနှင့် External Keyboard နှင့်သုံးလိုက် လွတ်တစ်ချက်မလွတ်တစ်ချက် Original ကီးဘုတ်လေးသုံးလိုက်လုပ်နေတာ စင်ကာပူရောက်တော့ရုံးကစက်သုံးနေတာနှင့် ကိုယ့်စက်ကိုယ်တောင်ကောင်းကောင်းမသုံးဖြစ်ဘူး။ ဟိုတလောကမှကိုယ့်စက်ကိုပြန်သုံးဖို့လုပ်တော့ Keyboard ကတော်တော်တိုင်ပတ်နေတာကော စင်ကာပူမှာကိုယ်ရှိတုန်း Apple […]

ကျွန်တော်နှင့် Sunday တစ်ရက်

စနေညကဟိုလုပ်ဒီလုပ်နှင့် နည်းနည်းနောက်ကျသွားတယ်။ ထုံးစံအတိုင်း ၁ နာရီလောက်မှအိပ်ရာထဖြစ်တယ်။ သွားတိုက်မျက်နှာသစ်ပြီးတော့ သူငယ်ချင်းအိမ်ခန်းဖေါ်တွေ ထမင်း/ဟင်း ချက်ထားထာစားတယ်။ အိပ်ခန်းကလည်းတော်တော်လေးရှုပ်နေတာနှင့် ရှင်းပြီးတော့ Clementi မှာနေတဲ့သူငယ်ချင်းအိမ်ကိုလာလည်မယ်ပြောထားတာရှိလို့ သူအိမ်မှာရှိလားဆိုပြီးတော့ Telegram ကနေ Message ပို့တော့ ရှိတယ်ပြောတာနှင့် အဝတ်အစားလဲပြီးသူ့အိမ်ဘက်ထွက်လာခဲ့တယ်။ အိမ်ကနေထွက်ပြီးအိမ်အောက်ရောက်တော့ City Mapper App သုံးပြီးတော့ဘယ်လိုသွားမလဲကြည့်တော့ တိုက်ရိုက် Bus ရှိတာတွေ့လိုက်တယ်။ ဒါပေမယ့်မိုးလင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တက်တဲ့အကျင့်ကြောင့်မလို့ 7 Eleven ရှိတဲ့ဘက်ကိုထွက်လာပြီးတော့ ကော်ဖီဝယ်သောက်… နောက်တော့မထူးပါဘူးဆိုပြီး MRT ဘဲစီးတော့မယ်ဆိုပြီးထွက်လာတယ်။ Bishan ကနေ Clementi ဆိုတော့အဝါလိုင်းကနေအစိမ်းလိုင်းပြောင်းစီးဖြစ်တယ်။ သူငယ်ချင်းနှင့်တွေ့ပြီး Clementi Mall ထဲက NLB Library ကိုသွားဖြစ်တယ်။ Comic books တွေတွေ့လို့ Bird Man စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ၁၀ […]

ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

သွားမယ်မသွားဘူး လုပ်နေတာနှင့် VISA လျှောက်ဖို့အခုမှဘဲလုပ်ဖြစ်တယ်။ မနက်ဖြန်မနက်မှသွားလျှောက်ဖြစ်မယ်။ လောလောဆယ် စင်ကာပူမှာဆိုတော့ VISA လျောက်တာမခက်ဘူးလို့တော့ပြောကြတယ်။ မနက်ဖြန်သွားမှာဆိုတော့ကြည့်တော့ကြည့်ကြည့်ကမှာဘဲ။မြန်မာပြည်ကကျွန်တော့်အမျိုးသမီးသွားလျောက်တော့ အတူသွားမှာဘယ်သူနှင့်လဲဆိုပြီးတော့မေးတော့ အမျိုးသားနှင့်လို့ပြောလိုက်တာ လက်ထက်စာချုပ်ပါယူလာခိုင်းတယ်ဆိုဘဲ။ သွားချင်တာကကျွန်တော်… ဘာလို့လည်းတော့မသိဘူး တစ်ခါလောက်တော့ရောက်ချင်တဲ့ထဲမှာဂျပန်လည်းပါတယ်။ စင်ကာပူမှာအလုပ်ရတော့ ခရီးသွားမယ်ဆိုရင် ဂျပန်ဘဲကိုယ့်စိတ်ထဲမှာ… လေယာဉ်လက်မှတ်ဘယ်လောက်လဲကြည့်ကြည့်လိုက်တော့ စျေးကြီးတာနှင့် October လကုန်လောက်မှာဘယ်လောက်လောက်ကျလဲကြည့်တော့တိုက်ရိုက်နှစ်ယောက် ၁၂၀၀ ဆိုတော့တန်တယ်ဆိုပြီးဝယ်ဖြစ်လိုက်တယ်။ (လက်မှတ်ဝယ်တာ ၆ လလောက်စောတယ်ထင်တယ်) ၆ လဆိုတာတော်တော်ကြာတာ… ကြားထဲမှာဖြစ်ပျက်တာတွေကအများကြီးဘဲ အမျိုးသမီးနှင့်သွားမှာလိုလို မသွားဘူးလိုလိုလုပ်နေတာ VISA တောင်လာမနက်ဖြန်မှလျှောက်ဖြစ်တဲ့အခြေအနေဖြစ်သွားတယ်။ တကယ်သွားမယ်ဆုံးဖြတ်လိုက်မှ Hotel တွေလိုက်ကြည့်တာ အားပါးပါး တော်တော်စျေးကြီးတာဘဲ… ၁၁ ရက်ကို တိုကျို-ကျိုတို-အိုစာကာ တော့အနည်းဆုံးသွားမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ခရီးစရိတ်အကုန်အကျများမယ်ထင်တယ်။ စျေးကြီးမှန်းသိပေမယ့် အဲ့လောက်စျေးကြီးမယ်တော့မထင်မိလိုက်ဘူး။ Hotel တွေ Booking လုပ်ပြီးတော့…. ခရီးသွား Plan လုပ်တော့ သတိထားမိတာက […]