ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၂

အခုဒီစာရေးနေတဲ့အချိန်မှာ တိုကျိုမှာဘဲရှိသေးတယ်။ သိပ်မအိပ်ချင်သေးတာနှင့် ခရီးသွားအတွေ့အကြုံလေးတွေရေးမယ်ဆိုပြီးချရေးဖြစ်တယ်။ ပထမပိုင်းတုန်းက Visa အတွေ့အကြုံတွေအကြောင်းရေးခဲ့ပြီးပီ။ အခုဒီအပိုင်းမှာတော့ သွားဖို့လာဖို့ပြင်ဆင်တာလေးတွေ ရေးသားသွားမယ်။ လေယျာဉ်လက်မှတ်ကတော့ VISA မလျောက်ခင်ကတည်းကဝယ်ထားရမယ်ဆိုတာသိလို့ ၆ လ ၇ လလောက်ကြိုဝယ်ထားဖြစ်တယ်… Singapore Airline မှ 600 လောက်ဘဲကျတယ်။ (မှတ်ချက် ကျွန်တော်က စင်ကာပူမှသွားတာဖြစ်တယ်။) ဒါတွေပြီးပီဆိုရင်တော့ နေထိုင်စရာပြင်ဆင်ကမယ်… ကျွန်တော့်တုန်းကအသဲအသန် အမြန်ရှာတာ Hotel စျေးတွေကြည့်ပြီးတော့ တော်တော်လေးခေါင်းခဲကတယ်… အဲ့ဒါပြင်ဆင်တာကိုဘဲ သုံးရက်လောက်ကြာသွားတယ်။(ရုံးအပြန်မှလုပ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့လောက်ကြာသွားခြင်းဖြစ်တယ်) Hotel ရွေးတဲ့နေရာမှာရွေးချယ်စရာတွေအများကြီးဘဲ… စျေးသင့်တာနှင့်သွားလို့လာလို့အကောင်းဆုံးဖြစ်မယ့် Hotel တွေရွေးဖြစ်တယ်…(ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံဆိုတော့ နည်းနည်းလွဲတာလေးတွေတော့ရှိတာပေါ့) သွားမယ့်ရက်နားနီးမှဘယ်မြို့တွေသွားမယ်ဆိုပြီးရွေးတော့သွားချင်တဲ့နေရာတွေအများကြီးဖြစ်နေတယ် စရိတ်စကနှင့်ကိုယ့် budget ပြန်တွက်လိုက်တော့ Tokyo-Kyoto-Nara-Osaka-Tokyo ခရီးစဉ်ဘဲဖြစ်သွားတယ်… အဲ့မှာမှ JR Pass ဆိုတာကိုသေချာစကြည့်မိတယ်… မြို့တစ်မြို့နှင့်တစ်မြို့သွားဖို့ကျည်ဆံရထားနှင့်သွားရင်လက်မှတ်ခကစျေးကြီးတယ်… JR Pass […]

ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

သွားမယ်မသွားဘူး လုပ်နေတာနှင့် VISA လျှောက်ဖို့အခုမှဘဲလုပ်ဖြစ်တယ်။ မနက်ဖြန်မနက်မှသွားလျှောက်ဖြစ်မယ်။ လောလောဆယ် စင်ကာပူမှာဆိုတော့ VISA လျောက်တာမခက်ဘူးလို့တော့ပြောကြတယ်။ မနက်ဖြန်သွားမှာဆိုတော့ကြည့်တော့ကြည့်ကြည့်ကမှာဘဲ။မြန်မာပြည်ကကျွန်တော့်အမျိုးသမီးသွားလျောက်တော့ အတူသွားမှာဘယ်သူနှင့်လဲဆိုပြီးတော့မေးတော့ အမျိုးသားနှင့်လို့ပြောလိုက်တာ လက်ထက်စာချုပ်ပါယူလာခိုင်းတယ်ဆိုဘဲ။ သွားချင်တာကကျွန်တော်… ဘာလို့လည်းတော့မသိဘူး တစ်ခါလောက်တော့ရောက်ချင်တဲ့ထဲမှာဂျပန်လည်းပါတယ်။ စင်ကာပူမှာအလုပ်ရတော့ ခရီးသွားမယ်ဆိုရင် ဂျပန်ဘဲကိုယ့်စိတ်ထဲမှာ… လေယာဉ်လက်မှတ်ဘယ်လောက်လဲကြည့်ကြည့်လိုက်တော့ စျေးကြီးတာနှင့် October လကုန်လောက်မှာဘယ်လောက်လောက်ကျလဲကြည့်တော့တိုက်ရိုက်နှစ်ယောက် ၁၂၀၀ ဆိုတော့တန်တယ်ဆိုပြီးဝယ်ဖြစ်လိုက်တယ်။ (လက်မှတ်ဝယ်တာ ၆ လလောက်စောတယ်ထင်တယ်) ၆ လဆိုတာတော်တော်ကြာတာ… ကြားထဲမှာဖြစ်ပျက်တာတွေကအများကြီးဘဲ အမျိုးသမီးနှင့်သွားမှာလိုလို မသွားဘူးလိုလိုလုပ်နေတာ VISA တောင်လာမနက်ဖြန်မှလျှောက်ဖြစ်တဲ့အခြေအနေဖြစ်သွားတယ်။ တကယ်သွားမယ်ဆုံးဖြတ်လိုက်မှ Hotel တွေလိုက်ကြည့်တာ အားပါးပါး တော်တော်စျေးကြီးတာဘဲ… ၁၁ ရက်ကို တိုကျို-ကျိုတို-အိုစာကာ တော့အနည်းဆုံးသွားမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ခရီးစရိတ်အကုန်အကျများမယ်ထင်တယ်။ စျေးကြီးမှန်းသိပေမယ့် အဲ့လောက်စျေးကြီးမယ်တော့မထင်မိလိုက်ဘူး။ Hotel တွေ Booking လုပ်ပြီးတော့…. ခရီးသွား Plan လုပ်တော့ သတိထားမိတာက […]