ကျွန်တော်နှင့် Sunday တစ်ရက်

စနေညကဟိုလုပ်ဒီလုပ်နှင့် နည်းနည်းနောက်ကျသွားတယ်။ ထုံးစံအတိုင်း ၁ နာရီလောက်မှအိပ်ရာထဖြစ်တယ်။ သွားတိုက်မျက်နှာသစ်ပြီးတော့ သူငယ်ချင်းအိမ်ခန်းဖေါ်တွေ ထမင်း/ဟင်း ချက်ထားထာစားတယ်။ အိပ်ခန်းကလည်းတော်တော်လေးရှုပ်နေတာနှင့် ရှင်းပြီးတော့ Clementi မှာနေတဲ့သူငယ်ချင်းအိမ်ကိုလာလည်မယ်ပြောထားတာရှိလို့ သူအိမ်မှာရှိလားဆိုပြီးတော့ Telegram ကနေ Message ပို့တော့ ရှိတယ်ပြောတာနှင့် အဝတ်အစားလဲပြီးသူ့အိမ်ဘက်ထွက်လာခဲ့တယ်။ အိမ်ကနေထွက်ပြီးအိမ်အောက်ရောက်တော့ City Mapper App သုံးပြီးတော့ဘယ်လိုသွားမလဲကြည့်တော့ တိုက်ရိုက် Bus ရှိတာတွေ့လိုက်တယ်။ ဒါပေမယ့်မိုးလင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တက်တဲ့အကျင့်ကြောင့်မလို့ 7 Eleven ရှိတဲ့ဘက်ကိုထွက်လာပြီးတော့ ကော်ဖီဝယ်သောက်… နောက်တော့မထူးပါဘူးဆိုပြီး MRT ဘဲစီးတော့မယ်ဆိုပြီးထွက်လာတယ်။ Bishan ကနေ Clementi ဆိုတော့အဝါလိုင်းကနေအစိမ်းလိုင်းပြောင်းစီးဖြစ်တယ်။ သူငယ်ချင်းနှင့်တွေ့ပြီး Clementi Mall ထဲက NLB Library ကိုသွားဖြစ်တယ်။ Comic books တွေတွေ့လို့ Bird Man စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ၁၀ […]

ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

သွားမယ်မသွားဘူး လုပ်နေတာနှင့် VISA လျှောက်ဖို့အခုမှဘဲလုပ်ဖြစ်တယ်။ မနက်ဖြန်မနက်မှသွားလျှောက်ဖြစ်မယ်။ လောလောဆယ် စင်ကာပူမှာဆိုတော့ VISA လျောက်တာမခက်ဘူးလို့တော့ပြောကြတယ်။ မနက်ဖြန်သွားမှာဆိုတော့ကြည့်တော့ကြည့်ကြည့်ကမှာဘဲ။မြန်မာပြည်ကကျွန်တော့်အမျိုးသမီးသွားလျောက်တော့ အတူသွားမှာဘယ်သူနှင့်လဲဆိုပြီးတော့မေးတော့ အမျိုးသားနှင့်လို့ပြောလိုက်တာ လက်ထက်စာချုပ်ပါယူလာခိုင်းတယ်ဆိုဘဲ။ သွားချင်တာကကျွန်တော်… ဘာလို့လည်းတော့မသိဘူး တစ်ခါလောက်တော့ရောက်ချင်တဲ့ထဲမှာဂျပန်လည်းပါတယ်။ စင်ကာပူမှာအလုပ်ရတော့ ခရီးသွားမယ်ဆိုရင် ဂျပန်ဘဲကိုယ့်စိတ်ထဲမှာ… လေယာဉ်လက်မှတ်ဘယ်လောက်လဲကြည့်ကြည့်လိုက်တော့ စျေးကြီးတာနှင့် October လကုန်လောက်မှာဘယ်လောက်လောက်ကျလဲကြည့်တော့တိုက်ရိုက်နှစ်ယောက် ၁၂၀၀ ဆိုတော့တန်တယ်ဆိုပြီးဝယ်ဖြစ်လိုက်တယ်။ (လက်မှတ်ဝယ်တာ ၆ လလောက်စောတယ်ထင်တယ်) ၆ လဆိုတာတော်တော်ကြာတာ… ကြားထဲမှာဖြစ်ပျက်တာတွေကအများကြီးဘဲ အမျိုးသမီးနှင့်သွားမှာလိုလို မသွားဘူးလိုလိုလုပ်နေတာ VISA တောင်လာမနက်ဖြန်မှလျှောက်ဖြစ်တဲ့အခြေအနေဖြစ်သွားတယ်။ တကယ်သွားမယ်ဆုံးဖြတ်လိုက်မှ Hotel တွေလိုက်ကြည့်တာ အားပါးပါး တော်တော်စျေးကြီးတာဘဲ… ၁၁ ရက်ကို တိုကျို-ကျိုတို-အိုစာကာ တော့အနည်းဆုံးသွားမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ခရီးစရိတ်အကုန်အကျများမယ်ထင်တယ်။ စျေးကြီးမှန်းသိပေမယ့် အဲ့လောက်စျေးကြီးမယ်တော့မထင်မိလိုက်ဘူး။ Hotel တွေ Booking လုပ်ပြီးတော့…. ခရီးသွား Plan လုပ်တော့ သတိထားမိတာက […]