2017 Macbook တစ်စခန်း

ကျွန်တော့် MacBook Pro မီးမလင်းတော့တဲ့ Version ကစဝယ်ကတည်းကအတော်လေးတိုင်ပတ်တာဝယ်ပြီးတစ်နှစ်ကျော်တဲ့အထိဘဲ။ စဝယ်တော့ကျွန်တော့် အမျိုးသမီးအတွက်။ နောက်တော့ ကျွန်တော့်ကျွန်တော့်စက်ဖြစ်သွားတယ် ?။ ကိုယ့်လက်ထဲရောက်မှ Display ကအစင်းတွေထလာလို့တစ်နှစ်အတွင်းဆိုတော့ မြန်မာပြည်ဝင်းမိုဖိုင်းမှာ ဝယ်ထားတာ အဆင်ပြေမှာပါဆိုပြီးသွားပြတာ… Display ကတော့ကောင်းသွားပါရဲ့ အောက်အဖုံးဘက်မှာပြန်ပိတ်ပေးတာစောက်တလွဲဟတတဖြစ်နေတယ်။ ဖုန်းဆက်တော့မြန်မာပြည်မှာဘဲ Authorize ရှိလို့ပြင်လိုက်တာအဲ့လိုဖြစ်သွားတယ်ဆိုဘဲ။ (အတိုချုံးရေးကရင် တာဝန်ယူမှုမရှိဘူး)။

အဲ့ဒါပြင်ပြီး သိပ်မကြာဘူး Programmer တို့ထုံးဆံအတိုင်း နေ့ရက်တိုင်းကီးဘုတ်မှာ ခရီးသွားနေတာ မိုင်ချီကြာလာတော့ Apple ကအသစ်ဆက်ဆက်မိတ်ဆက်လိုက်တဲ့ Butter Fly ကီးဘုတ်ကတိုင်ပတ်လာတယ်။ အဲ့အချိန်ကစက်ဝယ်ထားတာတစ်နှစ်ကျော်ပြီ။ Win Mobile ကလည်းစောက်တလွဲဆိုတော့ အဲ့လည်းပြန်မသွားချင်တာနှင့် External Keyboard နှင့်သုံးလိုက် လွတ်တစ်ချက်မလွတ်တစ်ချက် Original ကီးဘုတ်လေးသုံးလိုက်လုပ်နေတာ စင်ကာပူရောက်တော့ရုံးကစက်သုံးနေတာနှင့် ကိုယ့်စက်ကိုယ်တောင်ကောင်းကောင်းမသုံးဖြစ်ဘူး။

ဟိုတလောကမှကိုယ့်စက်ကိုပြန်သုံးဖို့လုပ်တော့ Keyboard ကတော်တော်တိုင်ပတ်နေတာကော စင်ကာပူမှာကိုယ်ရှိတုန်း Apple Store လည်းရှိတယ်ဆိုပြီးပြင်ရင်ဘယ်လောက်လောက်ကျနိုင်လဲလိုက်ကြည့်တော့မှ ကိုယ့်စက်က Apple က Keyboard ပြဿနာတက်တဲ့စက်တွေပြန်လဲပေးတဲ့အထဲပါနေတာသိရတော့တယ်။ သိသိချင်း Genius Bar ကို Booking လုပ်ပြီးသွားပို့လိုက်တယ်။ အောက်တိုဘာ ၂ ရက်ကပို့တာ အောက်တိုဘာ ၇ ရက်နေ့မှာရတယ်။ Keyboard ကော Battery ကောလဲပေးလိုက်တယ်။ Service ကတော့အတော်လေးအဆင်ပြေတယ်။ ဘာမှကိုပြောစရာမလိုဘူး။

လောလောဆယ်တော့ပြန်အဆင်ပြေနေပြီ။ ထပ်ပြီးတော့မဖောက်တော့ဘူးလို့ဘဲမျှော်လင့်မိတာဘဲ။ ပေးထားတဲ့ပိုက်ဆံနှင့်ဖြစ်လိုက်တဲ့တလွဲဆိုတာတန်တောင်မတန်ဘူး။ နောက်တစ်ခါ Laptop ဝယ်ရင်တစ်ခြား Dell တို့ Lenovo တို့ဝယ်ဖို့ပါတွေးမိတယ်။ သိပ်တော့လည်းမသိသေးပါဘူး။ ကြည့်ကြည့်တာပေါ့…

ကျွန်တော့် Blog ဖတ်တဲ့သူတွေထဲမှာ Macbook Keyboard service program ထဲမှာပါသလားဆိုတာအောက်ဖော်ပြပါ Link မှာကြည့်နိုင်ပါတယ်…

https://support.apple.com/keyboard-service-program-for-mac-notebooks

2 responses for 2017 Macbook တစ်စခန်း

  1. Kyaw Zayya says:

    အစ်ကိုပြောမှ MacBook development setup ကိုသဘောကျနေရာကနေ Lenovo ရဲ့ Thinkpad ကို ပြောင်းကြိုက်ရမလို ဖြစ်နေပြီ ?

    • universe says:

      စျေးကြီးပေးဝယ်ပြီးပျက်ရင်တော်တော်စိတ်ပျက်ဖို့ကောင်းတယ်… အခုစက်အသစ်ဝယ်ကမယ်ဆိုရင်တော့လောလောဆယ် Thinkpad ဒါမှမဟုတ် Dell ဝယ်ပြီး Ubuntu တင်ပြီးသုံးဖြစ်မယ်…

  2. Leave a Reply