၂၀၂၀ မှာဘာစာအုပ်တွေဖတ်

၂၀၂၁ မရောက်မချင်းဤဆောင်းပါးသည်ဆက်တိုက်ရေးသားဆဲဖြစ်နေမည်။

Goodreads ကိုသုံးရတာလုံးဝမကြိုက်လို့ ၂၀၁၉ track လုပ်ထားတာလေးတွေလည်းသေချာမလုပ်ဖြစ်လိုက်ဘူး။ ဒါပေမယ့်နှစ်စမလို့ထင်တယ်ဒီနှစ်မှာဘာတွေဖတ်ဖြစ်လဲဆိုတာတော့ track လုပ်ချင်တာမလို့ဒီ Post လေးကိုစာအုပ်တစ်အုပ်ဖတ်ဖြစ်တိုင်း track လုပ်မယ်ဆိုပြီးတော့လုပ်ထားလိုက်တယ်…

နောက်ခံလိမ်မော်ရောင်ပြထားတဲ့စာအုပ်များသည်ကျွန်တော်အဆုံးထိဖတ်ပြီးသားဖြစ်သည်။ နောက်ခံအဝါရောင်ပြထားသော စာအုပ်များသည် ကျွန်တော်ဖတ်လတ်စစာအုပ်များဖြစ်သည်။

Help I have a Manger ဆိုတဲ့ zine (zeen လို့အသံထွက်တယ်) စာအုပ်တောင်မဟုတ်ပါဘူး… Article လောက်ဘဲရှိတာလေးဖတ်ဖြစ်တယ်။ ဒါပေမယ့်ဒီ list ထဲဘာလို့ထည့်လဲဆိုရင် စာအုပ်နှစ်အုပ်စာလောက်တန်ဖိုးရှိတယ်လို့ခံစားရလို့ပါ။ Manger အလုပ်ဆိုတာဘာလဲစိတ်ဝင်စားတဲ့သူတွေဖတ်ကြည့်သင့်တယ်။

နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ The Manager’s Path ဆိုတဲ့စာအုပ်။ ၂၀၁၉ လက်ကျန်ပီးခံနီးနေပီ… ခဏထားထားတာ… ပီးမှဖတ်မယ်ဆိုပီးတော့ 😁။ သူလည်း Management မလုပ်ချင်တဲ့သူတွေလည်းဖတ်ထားဖို့သင့်တယ်။ ကိုယ့်အထက်ကလူတွေကဘာတွေလုပ်ရလဲဆိုတာတော့အနည်းဆုံးသိရတာပေါ့။ စာအုပ်ကအဓိက techinical management စာအုပ်လို့တောင်ပြောလို့ရတယ်။

နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ The Pragmatic Programmer စာအုပ်။ Audio စာအုပ်။ Programming စာအုပ်ကို Audio ထွက်တာတော်တော်ရှားတယ်။ အရင်ကလည်းဖတ်ဖူးပေမယ့်မေ့တေ့တေ့ဖြစ်နေတယ်။ အခုပြန်နားထောင်ပီးဖတ်တယ်။ စနေနေ့လောက်မှဘဲ ၁ နာရီပတ်ဝန်းကျင်လောက်အချိန်ပေးဖတ်ဖြစ်တာမလို့ဖြေးဖြေးဘဲဖတ်နေတုန်း။

နောက်ထပ်အားရင်အားသလိုအချိန်ယူပီးဖတ်နေတဲ့စာအုပ်ကတော့ Peopleware: Productive Projects and Teams, Third Edition ဘဲ။ ဖတ်နေတဲ့စာအုပ်တွေထဲမှာဒီကောင်အရင်ပြီးမယ်ထင်တယ်။ ကျွန်တော်က joel on software တို့ coding horror တို့ရဲ့ Fun Boy မလို့ထင်တယ် သူတို့ recommand ပေးထားတဲ့ဒီကောင်ကိုသေချာလိုက်ဖတ်ဖြစ်တယ်။ ရုံးက ရန်ကုန်မှာရုံးဖွင့်ခွင့်ပေးတော့ ကိုယ်သာဆိုရင်ဘယ်လို Company မျိုးမှာလုပ်ချင်သလဲဆိုပြီးတော့စဥ်းစားရင်း အဲ့လိုစာအုပ်တွေလိုက်ဖတ်ဖြစ်နေတယ်။

Leave a Reply