၂၀၂၀ မှာဘာစာအုပ်တွေဖတ်

၂၀၂၁ မရောက်မချင်းဤဆောင်းပါးသည်ဆက်တိုက်ရေးသားဆဲဖြစ်နေမည်။

Goodreads ကိုသုံးရတာလုံးဝမကြိုက်လို့ ၂၀၁၉ track လုပ်ထားတာလေးတွေလည်းသေချာမလုပ်ဖြစ်လိုက်ဘူး။ ဒါပေမယ့်နှစ်စမလို့ထင်တယ်ဒီနှစ်မှာဘာတွေဖတ်ဖြစ်လဲဆိုတာတော့ track လုပ်ချင်တာမလို့ဒီ Post လေးကိုစာအုပ်တစ်အုပ်ဖတ်ဖြစ်တိုင်း track လုပ်မယ်ဆိုပြီးတော့လုပ်ထားလိုက်တယ်…

နောက်ခံလိမ်မော်ရောင်ပြထားတဲ့စာအုပ်များသည်ကျွန်တော်အဆုံးထိဖတ်ပြီးသားဖြစ်သည်။ နောက်ခံအဝါရောင်ပြထားသော စာအုပ်များသည် ကျွန်တော်ဖတ်လတ်စစာအုပ်များဖြစ်သည်။

Help I have a Manger ဆိုတဲ့ zine (zeen လို့အသံထွက်တယ်) စာအုပ်တောင်မဟုတ်ပါဘူး… Article လောက်ဘဲရှိတာလေးဖတ်ဖြစ်တယ်။ ဒါပေမယ့်ဒီ list ထဲဘာလို့ထည့်လဲဆိုရင် စာအုပ်နှစ်အုပ်စာလောက်တန်ဖိုးရှိတယ်လို့ခံစားရလို့ပါ။ Manger အလုပ်ဆိုတာဘာလဲစိတ်ဝင်စားတဲ့သူတွေဖတ်ကြည့်သင့်တယ်။

နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ The Manager’s Path ဆိုတဲ့စာအုပ်။ ၂၀၁၉ လက်ကျန်ပီးခံနီးနေပီ… ခဏထားထားတာ… ပီးမှဖတ်မယ်ဆိုပီးတော့ ?။ သူလည်း Management မလုပ်ချင်တဲ့သူတွေလည်းဖတ်ထားဖို့သင့်တယ်။ ကိုယ့်အထက်ကလူတွေကဘာတွေလုပ်ရလဲဆိုတာတော့အနည်းဆုံးသိရတာပေါ့။ စာအုပ်ကအဓိက techinical management စာအုပ်လို့တောင်ပြောလို့ရတယ်။

နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ The Pragmatic Programmer စာအုပ်။ Audio စာအုပ်။ Programming စာအုပ်ကို Audio ထွက်တာတော်တော်ရှားတယ်။ အရင်ကလည်းဖတ်ဖူးပေမယ့်မေ့တေ့တေ့ဖြစ်နေတယ်။ အခုပြန်နားထောင်ပီးဖတ်တယ်။ စနေနေ့လောက်မှဘဲ ၁ နာရီပတ်ဝန်းကျင်လောက်အချိန်ပေးဖတ်ဖြစ်တာမလို့ဖြေးဖြေးဘဲဖတ်နေတုန်း။

နောက်ထပ်အားရင်အားသလိုအချိန်ယူပီးဖတ်နေတဲ့စာအုပ်ကတော့ Peopleware: Productive Projects and Teams, Third Edition ဘဲ။ ဖတ်နေတဲ့စာအုပ်တွေထဲမှာဒီကောင်အရင်ပြီးမယ်ထင်တယ်။ ကျွန်တော်က joel on software တို့ coding horror တို့ရဲ့ Fun Boy မလို့ထင်တယ် သူတို့ recommand ပေးထားတဲ့ဒီကောင်ကိုသေချာလိုက်ဖတ်ဖြစ်တယ်။ ရုံးက ရန်ကုန်မှာရုံးဖွင့်ခွင့်ပေးတော့ ကိုယ်သာဆိုရင်ဘယ်လို Company မျိုးမှာလုပ်ချင်သလဲဆိုပြီးတော့စဥ်းစားရင်း အဲ့လိုစာအုပ်တွေလိုက်ဖတ်ဖြစ်နေတယ်။

one response for ၂၀၂၀ မှာဘာစာအုပ်တွေဖတ်

  1. ရုံးကို အလည်လာမယ်ဆိုပြီးတောင် အခုထိမရောက်သေးဘူး ?