ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၂

Photo by Fikri Rasyid on Unsplash

အခုဒီစာရေးနေတဲ့အချိန်မှာ တိုကျိုမှာဘဲရှိသေးတယ်။ သိပ်မအိပ်ချင်သေးတာနှင့် ခရီးသွားအတွေ့အကြုံလေးတွေရေးမယ်ဆိုပြီးချရေးဖြစ်တယ်။ ပထမပိုင်းတုန်းက Visa အတွေ့အကြုံတွေအကြောင်းရေးခဲ့ပြီးပီ။ အခုဒီအပိုင်းမှာတော့ သွားဖို့လာဖို့ပြင်ဆင်တာလေးတွေ ရေးသားသွားမယ်။

လေယျာဉ်လက်မှတ်ကတော့ VISA မလျောက်ခင်ကတည်းကဝယ်ထားရမယ်ဆိုတာသိလို့ ၆ လ ၇ လလောက်ကြိုဝယ်ထားဖြစ်တယ်… Singapore Airline မှ 600 လောက်ဘဲကျတယ်။ (မှတ်ချက် ကျွန်တော်က စင်ကာပူမှသွားတာဖြစ်တယ်။)

ဒါတွေပြီးပီဆိုရင်တော့ နေထိုင်စရာပြင်ဆင်ကမယ်… ကျွန်တော့်တုန်းကအသဲအသန် အမြန်ရှာတာ Hotel စျေးတွေကြည့်ပြီးတော့ တော်တော်လေးခေါင်းခဲကတယ်… အဲ့ဒါပြင်ဆင်တာကိုဘဲ သုံးရက်လောက်ကြာသွားတယ်။(ရုံးအပြန်မှလုပ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့လောက်ကြာသွားခြင်းဖြစ်တယ်) Hotel ရွေးတဲ့နေရာမှာရွေးချယ်စရာတွေအများကြီးဘဲ… စျေးသင့်တာနှင့်သွားလို့လာလို့အကောင်းဆုံးဖြစ်မယ့် Hotel တွေရွေးဖြစ်တယ်…(ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံဆိုတော့ နည်းနည်းလွဲတာလေးတွေတော့ရှိတာပေါ့)

သွားမယ့်ရက်နားနီးမှဘယ်မြို့တွေသွားမယ်ဆိုပြီးရွေးတော့သွားချင်တဲ့နေရာတွေအများကြီးဖြစ်နေတယ် စရိတ်စကနှင့်ကိုယ့် budget ပြန်တွက်လိုက်တော့ Tokyo-Kyoto-Nara-Osaka-Tokyo ခရီးစဉ်ဘဲဖြစ်သွားတယ်… အဲ့မှာမှ JR Pass ဆိုတာကိုသေချာစကြည့်မိတယ်…

မြို့တစ်မြို့နှင့်တစ်မြို့သွားဖို့ကျည်ဆံရထားနှင့်သွားရင်လက်မှတ်ခကစျေးကြီးတယ်… JR Pass ဆိုတာက နိုင်ငံခြားခရီးသွားတွေအတွက် သီးသန့်ရောင်းတဲ့ ကျည်ဆံရထားလက်မှတ် လို့ပြောကမယ်ထင်တယ်… သူကတစ်ပတ်စာ တစ်လစာအဲ့လိုမျိုးရောင်းတယ် နောက်ထပ်ထူးတာကကျဉ်ဆံရထားတင်မဟုတ်ဘဲ JR Company ကရထားလိုင်း ကားလိုင်းတွေပါ အခမဲ့စီးလို့ရတယ်။ လူတိုင်း JR အကြာင်းပြောတာတစ်ခုကတော့ များများစီးကမယ်ဆိုတန်တယ်ဆိုတာပါဘဲ။

ကျွန်တော်သေချာဘာမှမလေ့လာဘဲလေယျာဉ်လက်မှတ်ဝယ်လိုက်တာ Singapore-Tokyo-Singapore ဘဲရွေးဖြစ်တယ်… တကယ်ဖြစ်သင့်တာက Singapore-Osaka နှင့် Tokyo-Singapore ပါ… ခရီးစဉ်ပြောင်းလဲမှုလေးတွေကြောင့်လဲပါတော့ပါပါတယ်…

ကျွန်တော့်လမ်းကြောင်းက Tokyo ကိုဘဲပြန်လာရမှာဖြစ်တဲ့အတွက်ကြောင့် JR Pass ကိုတစ်ပတ်စာဝယ်လိုက်တယ်။ JR တစ်ပတ်စာဝယ်လိုက်တော့ ခရီးစဉ်မှာ တိုကျိုမှာလေးရက်ကြာသွားတယ်။ စရောက်ကာစနှစ်ရက်နှင့် မပြန်ခင်နှစ်ရက်။

JR Pass ဝယ်တာလည်းတော်တော်လေးလောလိုက်တယ်။ မနက်ဖြန်လေယျာဉ်စီးကမယ်ဆို ဒီနေ့လိုည ၁၂ နာရီပတ်ဝန်းကျင်မှဝယ်ဖြစ်လိုက်တယ်။ Changi လေဆိပ်မှာ Pickup ဖြစ်လို့တော်သေးတယ်… ကျွန်တော့်မိန်းမအကြောင်းပြုပြီးတော့ Coupon code apply လုပ်လိုက်တာ S$100 ကျော်လောက်သက်သာသွားတယ်။

ပြင်တာဆင်တာကတော့ဒီလောက်ပါဘဲ… နောက်မှဘယ်သွားခဲ့တယ်ဆိုတာ သေချာဆက်ရေးသားတော့မယ်။

no responses for ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၂

    Leave a Reply