ကျွန်တော်နှင့် Sunday တစ်ရက်

စနေညကဟိုလုပ်ဒီလုပ်နှင့် နည်းနည်းနောက်ကျသွားတယ်။ ထုံးစံအတိုင်း ၁ နာရီလောက်မှအိပ်ရာထဖြစ်တယ်။ သွားတိုက်မျက်နှာသစ်ပြီးတော့ သူငယ်ချင်းအိမ်ခန်းဖေါ်တွေ ထမင်း/ဟင်း ချက်ထားထာစားတယ်။ အိပ်ခန်းကလည်းတော်တော်လေးရှုပ်နေတာနှင့် ရှင်းပြီးတော့ Clementi မှာနေတဲ့သူငယ်ချင်းအိမ်ကိုလာလည်မယ်ပြောထားတာရှိလို့ သူအိမ်မှာရှိလားဆိုပြီးတော့ Telegram ကနေ Message ပို့တော့ ရှိတယ်ပြောတာနှင့် အဝတ်အစားလဲပြီးသူ့အိမ်ဘက်ထွက်လာခဲ့တယ်။

အိမ်ကနေထွက်ပြီးအိမ်အောက်ရောက်တော့ City Mapper App သုံးပြီးတော့ဘယ်လိုသွားမလဲကြည့်တော့ တိုက်ရိုက် Bus ရှိတာတွေ့လိုက်တယ်။ ဒါပေမယ့်မိုးလင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တက်တဲ့အကျင့်ကြောင့်မလို့ 7 Eleven ရှိတဲ့ဘက်ကိုထွက်လာပြီးတော့ ကော်ဖီဝယ်သောက်… နောက်တော့မထူးပါဘူးဆိုပြီး MRT ဘဲစီးတော့မယ်ဆိုပြီးထွက်လာတယ်။

Bishan ကနေ Clementi ဆိုတော့အဝါလိုင်းကနေအစိမ်းလိုင်းပြောင်းစီးဖြစ်တယ်။ သူငယ်ချင်းနှင့်တွေ့ပြီး Clementi Mall ထဲက NLB Library ကိုသွားဖြစ်တယ်။ Comic books တွေတွေ့လို့ Bird Man စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ၁၀ မိနစ်လောက်ဖတ်ဖြစ်လိုက်တယ်။ စာအုပ်တွေကလည်းငှါးထားတာတွေအများကြီးဖြစ်နေတာဆိုတော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့စာအုပ်ဖတ်ချင်တာကြောင့် ကဗျာစာအုပ်တစ်အုပ်ဘဲငှါးဖြစ်လိုက်တယ်။

Popular စာအုပ်ဆိုင်ထဲလည်းခဏဝင်ကြည့်ပြီးတော့ အောက်ထပ်မှာကော်ဖီသောက်ရင်းရောက်တက်ရာရာပြောဖြစ်ကြတယ်။ Holland မှာနေတဲ့သူငယ်ချင်းနှင့် Clementi မှာနေတဲ့သူငယ်ချင်းက Joker သွားကြည့်ဖို့ချိန်းထားကြတယ်… ကျွန်တော်လည်း Holland ကသူငယ်ချင်းအိမ်အလည်သွားမှာဖြစ်တာမလို့ အချိန်ကလည်းသင့်တာနှင့် Clementi ကသူငယ်ချင်းလည်း Holland ကိုလိုက်လာတယ်။

စကားစမြည်ပြောရင်းကဒ်ဆွဲထုတ်ကတဲ့ Game စော့ဖြစ်တယ်။ Game ကိုဘယ်လိုခေါ်လဲဆိုတာမမှတ်မိဘူး။ နှစ်ပွဲလောက်စော့ပြီးတော့ ညစာ Ramen သွားစားဖြစ်ကြတယ်။ အချိန်ကလည်းရုပ်ရှင်ကြည့်ဖို့နီးနေတာမလို့ စားပြီး MRT ဘက်ထွက်လာပြီး သူငယ်ချင်းတွေနှင့် နှုတ်ဆတ်ပြီးတော့ အဝါလိုင်းစီးပြီးတော့ Bishan ဘက်ကိုပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်လျှော်ထားတဲ့အဝတ်တွေအခြောက်ခံစက်ထဲထည့်ပြီးဒါလေးရေးဖြစ်တယ်။ ပြီးရင်တော့ကဗျာစာအုပ်လေးဟိုဖတ်ဒီဖတ်လုပ်ပြီး အိမ်ကသူငယ်ချင်းတွေမန်ယူပွဲကြည့်ရင်ဝင်ကြည့်ဖြစ်မယ်ထင်တယ်။ ကျွန်တော့်တစ်ရက်တာ Sunday ကတော့ဒီလောက်ပါဘဲ…

no responses for ကျွန်တော်နှင့် Sunday တစ်ရက်

    Leave a Reply