It’s been two months in Vietnam

ကျန်းမာရေးသိပ်မကောင်းတာနဲ့ ခဏနားမယ်ဆိုပီး ဗီယက်နမ် ကိုထွက်လာတာ ၂ လတိတိရှိသွားပီ။ ဘာလို့ဗီယက်နမ်ရွေးဖြစ်သွားလဲဆိုတော့ SEA မှာ ကိုယ်တွေမရောက်ဖူးတဲ့နိုင်ငံသွားချင်တာရယ် ဗီဇာလွယ်တာရယ် ရုံးကအသိတွေလဲရှိတာနဲ့ စရိတ်စကမေးပီးတော့ မဆိုးဘူးခဏသွားနားမယ်ဆိုပီး e-visa လျှောက်ပီးရောက်လာတာ။ မဆိုးဘူး ပင်လယ်တောတောင်တွေနဲ့ တော်တော်လေးနေလို့ထိုင်လို့ကောင်းတယ်။

ပထမဆုံးရောက်တာက Danang ကိုရောက်တာ။ ပင်လယ်ကမ်းခြေမြို့ အဲ့မှာတလနေခဲ့တယ်။ နေလို့ထိုင်လို့အတော်လေးအဆင်ပြေတယ်။ အဓိကက ဗီယက်နမ်မှာ အကြိုက်ဆုံးက ဆိုင်ကယ်စီးကတာဘဲ။ Danag မှာနေတုန်းက ကမ်းခြေဘေးလမ်းကို ညနေဘက်ဆိုင်ကယ်လေးနဲ့ထွက် ကမ်းခြေမှာလမ်းလျှောက်။ အနီးအနားကသွားလည်စရာလေးတွေသွားလည်။ ရုံးကအသိညီလေးတွေစီခဏတဖြုတ်သွား၊ ကျန်းမာရေးအတွက်ဆေးခန်းပြနဲ့ သာသာယာယာပါဘဲ။ ဒါပေမယ့် စင်ကာပူကနေထွက်လာကတည်းက Danag မှာတလလောက်နေမယ်။ ပီးရင်နောက်တမြို့ပြောင်းနေမယ် ဆိုပီးဆုံးဖြတ်ထားတော့ တလနေတော့ နောက်တမြို့ပြောင်းပေါ့။

နောက်ထက်ပြောင်းမယ့်မြို့က တောင်ပေါ်မြို့လေး Da Lat ဆိုတဲ့မြို့။ ကျန်းမာရေးကလဲသိပ်မကောင်းတာနဲ့ ကားအဝေးကြီးမစီးချင်တာနဲ့ ရထားနဲ့သွားမယ်ဆိုပီး စီစဥ်ဖြစ်တယ်။ ရထားအကြာကြီးစီးကမှာဆိုတော့ သဘာဝပတ်ဝန်းကျင်အလှကြည့်မယ်ပေါ့၊ မနက်ခင်းနဲ့ညနှင့်မှားပီးလက်မှတ်ဖြတ်လိုက်မိလို့ ညအိပ်ခရီးစဥ်ဘဲဖြစ်သွားတယ်။ Da Nang ကနေ Da Lat ကို ရထားတဆင့်ထဲမရှိဘူး။ Nha Trang ကနေတဆင့် ပြောင်းစီးရမှာဆိုတော့ Nha Trang မှာ ၂ ညအိပ်ပီး ဆိုင်ကယ်နဲ့ ဟိုသွားဒီသွားသွားခဲ့သေးတယ်။ စင်ကာပူကနေပြောင်းလာတာဆိုတော့ အထုတ်တွေကများတယ်။ ဒါတောင်မြန်မာကို တိုက်ရိုက်ပို့လိုက်တာတွေ ဒီတိုင်းပေးလိုက်တာတွေရှိလို့ တော်သေးတယ်ပြောကမယ်။ အဓိကကတော့အဲ့အထုတ်တွေနဲ့ ကားစီးဖို့ပင်ပန်းတာနဲ့ ကားစင်းလုံးငှားပီးတော့ဘဲ Dalat ကိုတက်ခဲ့လိုက်တယ်။

Dalat ကိုရောက်တော့ Hotel မှာနေပီး အခန်းလိုက်ရှာတာ အဆင်ပြေတဲ့အခန်းလေးရသွားတယ်။ မြို့ကတောင်ပေါ်မြို့ဆိုတော့ရာသီဥတုက အေးတယ်။ အထူးသဖြင့်ဆိုင်ကယ်စီးတဲ့အချိန်နှင့် မိုးရွာတဲ့အချိန်တွေဆို စိမ့်စိမ့်ပီးအေးတာ။ အပူပိုင်းဒေသ အညာဘက်ကလာလို့လား မသိဘူး တောင်ပေါ်ဒေသတွေဆို သဘောကျတာရယ် ခရီးဆောင်အိတ်တွေနဲ့ဟိုသွားဒီသွားနဲ့ လကုန်ရင်တခြားမြို့ပြောင်းရတာလဲ မပြောင်းချင်တော့ဘူး။ ဒါနဲ့ ဒီမှာဘဲ ဆက်နေဖို့စဥ်းစားပီး အိမ်ရှင်ကိုကြိုအကြောင်းကြားထားလိုက်တယ်။ အဓိကက December/January ဆို Dalat ခရီးသွားရာသီလို့တော့ ပြောကြတာကြောင့်မလို့ အိမ်အသစ်ရှာရ ပြောင်းရမလုပ်ချင်လို့ ကြိုပီးစီစဥ်လိုက်ရတာ။

ထုံးစံအတိုင်းဘဲ ဆိုင်ကယ်ငှားပီး ဟိုလျှောက်သွားဒီလျှောက်သွားပေါ့။ တောင်ပေါ်ဒေသဆိုတော့ ရာသီဥတုကောင်းတော့ ပန်းပင်တွေ တောင်ကုန်းတောင်တန်းတွေပေါ်ကနေကြည့်ရတဲ့ view တွေနဲ့တော်တော်လေးသဘောကျမိတယ်။ ခပ်ဝေးဝေးကို ဆိုင်ကယ်စီးပီးသွားတိုင်း ကျန်းမာရေးကောင်းရင် ဟိုချီမင်းကနေ ဟနွိုင်းကို ဆိုင်ကယ်နဲ့တနေ့သွားမယ်ဆိုတဲ့စိတ်တွေတဖွဖွပေါ်တယ်။ ဆိုင်ကယ်နဲ့ ရာသီဥတုအေးအေးနဲ့ ကွေ့ကာပတ်ကာသွားရတဲ့လမ်းတွေနဲ့တော်တော်လေး မိုက်တယ် စာနဲ့သိပ်ပီးမဖော်ပြတက်ဘူး။ ကိုယ်တိုင်ဆိုင်ကယ်စီး ကိုယ်တိုင်ကြုံရမှ သေချာသိမယ်ထင်တယ်။

ဒါကတော့အတိုချုပ် ၂ လပေါ့။ အသတ်တွေကလဲတဖြေးဖြေးကြီးလာတယ် နောက်ထက်ဘာတွေဆက်ဦးမလဲတော့ မသိသေးဘူး။

no responses for It’s been two months in Vietnam

    Leave a Reply