2025

၂၀၂၅ ကတော့ ကျနော့်အတွက်ဖြစ်ပျက်တာတွေများတဲ့နှစ်တနှစ်ပါဘဲ။ အသတ် ၂၉ ကျော်လာတဲ့တောက်လျှောက်မှာ anxitey တွေများလာတယ်၊ ငါ့အသတ် ၃၀ ပြည့်တော့မယ် အသတ် ၆၀ နေရမယ်ဆိုရင်ထက်ဝက်ကျိုးပီဆိုပီးတော့ တွေးတွေးပီးဘာတွေပူမှန်းမသိဘူးပူနေတာ။ ဖြစ်တက်တဲ့သဘောသဘာဝထင်ပါတယ်။ အဲ့လိုတွေလူကဖြစ်နေပါတယ်ဆိုမှ ကိုယ့်အလုပ်ကလဲလူတွေဖြုတ်နဲ့ ကိုယ့် team ထဲကလူ သုံးယောက်ဘဲကျန်တယ်။ အခြေအနေမကောင်းဘူးဆိုပီး ကိုယ့် skill ကိုယ်ဖြည့်ပီး AI နှင့်ပတ်သတ်တာတွေဖိပီးလေ့လာမိတယ်။ အလုပ်သစ်တော့ မြန်မြန်မရှာတော့ဘူးကွာဆိုပီးတော့စိတ်ထဲထားထားတာ။ ၂၀၂၃ တုန်းကတခါ တရုံးလုံးပြုတ်ပီး ကိုယ့် team ဘဲကျန်ဖြစ်ပီးပီ အလုပ်ရှာရတာ လောပီးရှာရတော့ ဒါမျိုးထက်ကြုံရတယ်ဆိုပီး အလုပ်ကိုအေးဆေးရှာမယ် စုထားတဲ့ပိုက်ဆံလေးနဲ့ နိုင်ငံခြားကျောင်းသွားတက်မယ် အဲ့လိုမဟုတ်ရင်လဲ asean နိုင်ငံတွေထဲကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ Thailand မှာခဏသွားနေမယ်ဆိုပီးစဥ်းစားထားတာ။ အလုပ်ကလဲမဖြုတ်ဘူး။ ဒီလိုနဲ့ဘဲ May လ Employment Pass ကုန်တဲ့အထိတအိအိနဲ့ဘဲပေါ့။ လစာပုံမှန်ရတယ် စာတွေသေချာလေ့လာဖြစ်တယ်။

ဖြစ်ချင်တော့ အဲ့အလုပ် Employment Pass မတိုင်ခင် အရင်အလုပ်လုပ်ခဲ့ဖူးတဲ့ boss ကလူလိုနေတာနဲ့ သူ့စီ Join ဖြစ်သွားတယ်။ နောက်ထက် EP အသစ်ရပေါ့။ Team တွေဘာတွေဖွဲ့နဲ့ အဟုတ်ဘဲ၊ အဲ့လိုတွေဖြစ်နေတဲ့အချိန် အမျိုးသမီးကနေမကောင်းအသဲအသန်ဖြစ် Vertigo ကော TMJ ကောအစုံဘဲ။ စင်ကာပူမှာ ဆေးကုတာပိုက်ဆံတွေအတော်ကုန်ပီးမသတ်သာဘူး။ ကိုယ်ကလဲအလုပ်သစ်မှာ သူကလဲကျန်းမာရေးမကောင်း… အဲ့ရက်ပိုင်းတွေကအတော်လေး struggle ကတယ်။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ကိုယ်တိုင်လဲနေမကောင်းစဖြစ်တယ်။ ဖြစ်တာအသည်းအသန်ဘဲ။ ဇာတ်ကြောတွေတက်တယ်၊ ပါးတွေကထမင်းစားလို့မရတဲ့အထိ muslce ထိန်းလို့မရ၊ နောက်ပိုင်းအဆိုးဆုံးကတော့ခါးနာတာ။ Emergency တွေကော အထူးကုတွေကောစုံနေတာဘဲ။ ဘာဖြစ်လို့ဖြစ်မှန်းလဲမသိဘူး။ အထိုင်များလို့ ခဏနားရမယ် stress ပိလို့နဲ့ ဒီတိုင်း general တွေဘဲပြော။ လူကအလုပ်ကတအားလုပ်ချင် ရောဂါနဲ့လုပ်မရ။ တော်တော်လေးဒုက္ခများတယ်။ ထိုင်းသွားပီးလဲဆေးစစ်ဆေးခန်းပြနဲ့စုံနေတာဘဲမသတ်သာဘူး။ ကျန်းမာရေး Generally ကိုယ်တက်သလောက်မှတ်သလောက်တော့ တောက်လျှောက်ဂရုစိုက်နေတာဘဲ၊ လမ်းလျှောက်ပြေးတာကမစ ရောဂလုပ်တာအဆုံးသေချာလေးလုပ်နေတာ အဲ့လိုလုပ်နေတာကိုဒီကောင်ကဖြစ်။ နောက်ဆုံးတော့ တော်ပီအလုပ်ခဏနားမယ်ဆိုပီးဆုံးဖြတ်လိုက်တယ်။

အလုပ်နားပီး ကျန်းမာရေး fully recover ဖြစ်ဖို့လုပ်မယ်ဆိုပီးတော့လုပ်တော့ ဘယ်သွားနေမလဲပေါ့။ မြန်မာပြည်ကတော့ပြန်လို့မဖြစ်၊ နိုင်ငံရေးနဲ့ မီးမလာ အင်တာနက်မရနဲ့ဆိုတော့အရင်ကတည်းကသွားနေဖို့စဥ်းစားတာကထိုင်းသွားနေမယ်စဥ်းစားတာ၊ ရုံးအသစ်မှာ team ဖွဲ့တော့မြန်မာကလူတွေခေါ်ဖြစ်တော့သူတို့က Vietnam မှာနေနေကြတာ ကိုယ်လဲ Vietnam မရောက်ဖူးဘူးသွားကြည့်ဦးမယ်ဆိုပီး လင်မယားနှစ်ယောက် Singapore ကနေ Vietnam Da Nanng ကို Tourist visa နဲ့ရောက်သွားတယ်။ အဲ့မှာလဲကျန်းမာရေးကကွန်ပျူတာသုံးရင်ဇာတ်ကျောတက်တာ ခေါင်းကိုက်တာတွေဖြစ်နေတုန်းဘဲ။ မြန်မာအသိတွေကနေအဲ့က TCM ဆေးခန်းညွှန်းတာသူ့စီ ၂ ခါလောက်ပြလိုက်တာတော်တော်လေးသတ်သာတယ်။ Da Nang မှာတလဲဘဲနေဖြစ်တယ်၊ Nha Trang ကိုရထားစီး အဲ့မှာခဏလျှောက်လည်ပီး Da Lat ကိုရောက်ခဲ့တယ်။ Da Lat ဘယ်လိုရွေးဖြစ်လဲဆိုတော့ ကျနော့်အမျိုးသမီးက FB ပေါ်မှာတွေ့ပီးတောင်ပေါ်မြို့လေးမှာသွားနေချင်တယ်ဆိုတာနဲ့ Da Lat မှာသွားနေဖို့စီစဥ်ခဲ့တာ။ အစကတော့တလလောက်ဘဲနေမှာ ဒါပေမယ့်ပြောင်းရရွှေ့ရတာနဲ့ ကျန်းမာရေးနဲ့ ဒီမှာနေရတာလဲအဆင်ပြေတာနဲ့ အခုထက်ထိ Da Lat မှာဘဲနေနေဖြစ်တယ်။

ကျန်းမာရေးသာမကောင်းတာ အလုပ်လုပ်ချင်စိတ်ကမပျောက်ဘူး။ အဲ့ဒါနဲ့မြန်မာကလူတွေခေါ်မယ် Aentic tools တွေပေးသုံးမယ်ဆိုပီး လူ ၂ ယောက်ခေါ်ပီးကိုယ်လုပ်ချင်တာလေးတွေလုပ်တာ။ https://rates.ygnconnect.com တခုတော့ release ဖြစ်သွားတယ်။ https://lab.ygncode.com ဆိုပီးလဲ very basic တခုတော့ရှိတယ် ခေါ်ထားတဲ့ ၂ ယောက်ထဲက တယောက်လုပ်ပေးသွားတာ။ ကိုယ်တိုင်ကလဲ ကျန်းမာရေးနဲ့ လူခေါ်တော့ တကယ့်တကယ်အလုပ်လုပ်တဲ့အချိန်မှာ အကြောင်းပြချက်တွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံမဟုတ်တာနဲ့ဖြစ်ဖြစ်နေတော့လူ ၂ ယောက်ဖြုတ်လိုက်ရတယ်။ ကိုယ့်ဘက်ကလိုအပ်ချက်ရှိတာလဲပါပါတယ်။

အခုတော့တယောက်ဘဲကျန်တယ်။ https://www.myanmardevjobs.com ပြန်ရေးခိုင်းပီး train နေတာ။ ရှေ့လျှောက်လူခေါ်ဖို့တော့အစီအစဥ်မရှိတော့ဘူး။ တကယ်လုပ်ချင်ပီး passionate ဖြစ်တဲ့သူနဲ့ ကိုယ်နဲ့ကိုက်တဲ့သူက တော်တော်လေးရှာရခက်တာသိလိုက်ရတယ်။ အခုတော့ Full time လုပ်နေတဲ့သူတယောက်နဲ့ mentoring လုပ်ပေးနေတဲ့ ၂ ယောက်တော့ရှိတယ်။ ရှေ့ဆက်ဘယ်လိုလာမလဲတော့မသိဘူး 2026 နှစ်ကုန်ပိုင်းလောက်ကြရင် update လေးရေးဦးမယ်။

ဒါကတော့အတိုချုပ် ၂၀၂၅ ပေါ့။ အဆင်ပြေလိုက် အဆင်မပြေလိုက်။ ကျန်းမာရေးကိုလင်မယားနှစ်ယောက်လုံး အတော်လေးနေမကောင်းဖြစ်လိုက်နဲ့ ဒီလိုဘဲဖြတ်သန်းလာတာ။ အခုတော့ကျန်းမာရေးက အတော်အသင့်တော့ကောင်းလာပါပီ ဒါပေမယ့် Fully recover တော့မဟုတ်သေးဘူး။ လောလောဆယ်တော့ ဗီယက်နမ် ဒါလတ်မှာဘဲဆက်နေနေပီး ရှေ့ဆက်ဘာလုပ်မလဲသေချာတော့မစဥ်းစားရသေးဘူး။ စုထားတဲ့ပိုက်ဆံလေးရှိနေသေးသမျှတော့ ကျန်းမာရေးဂရုစိုက်ပီးဒီလိုဘဲရှေ့ဆက်ရှင်သန်နေရဦးမှာပေါ့။

no responses for 2025

    Leave a Reply