ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

သွားမယ်မသွားဘူး လုပ်နေတာနှင့် VISA လျှောက်ဖို့အခုမှဘဲလုပ်ဖြစ်တယ်။ မနက်ဖြန်မနက်မှသွားလျှောက်ဖြစ်မယ်။ လောလောဆယ် စင်ကာပူမှာဆိုတော့ VISA လျောက်တာမခက်ဘူးလို့တော့ပြောကြတယ်။ မနက်ဖြန်သွားမှာဆိုတော့ကြည့်တော့ကြည့်ကြည့်ကမှာဘဲ။မြန်မာပြည်ကကျွန်တော့်အမျိုးသမီးသွားလျောက်တော့ အတူသွားမှာဘယ်သူနှင့်လဲဆိုပြီးတော့မေးတော့ အမျိုးသားနှင့်လို့ပြောလိုက်တာ လက်ထက်စာချုပ်ပါယူလာခိုင်းတယ်ဆိုဘဲ။

သွားချင်တာကကျွန်တော်… ဘာလို့လည်းတော့မသိဘူး တစ်ခါလောက်တော့ရောက်ချင်တဲ့ထဲမှာဂျပန်လည်းပါတယ်။ စင်ကာပူမှာအလုပ်ရတော့ ခရီးသွားမယ်ဆိုရင် ဂျပန်ဘဲကိုယ့်စိတ်ထဲမှာ… လေယာဉ်လက်မှတ်ဘယ်လောက်လဲကြည့်ကြည့်လိုက်တော့ စျေးကြီးတာနှင့် October လကုန်လောက်မှာဘယ်လောက်လောက်ကျလဲကြည့်တော့တိုက်ရိုက်နှစ်ယောက် ၁၂၀၀ ဆိုတော့တန်တယ်ဆိုပြီးဝယ်ဖြစ်လိုက်တယ်။ (လက်မှတ်ဝယ်တာ ၆ လလောက်စောတယ်ထင်တယ်)

၆ လဆိုတာတော်တော်ကြာတာ… ကြားထဲမှာဖြစ်ပျက်တာတွေကအများကြီးဘဲ အမျိုးသမီးနှင့်သွားမှာလိုလို မသွားဘူးလိုလိုလုပ်နေတာ VISA တောင်လာမနက်ဖြန်မှလျှောက်ဖြစ်တဲ့အခြေအနေဖြစ်သွားတယ်။ တကယ်သွားမယ်ဆုံးဖြတ်လိုက်မှ Hotel တွေလိုက်ကြည့်တာ အားပါးပါး တော်တော်စျေးကြီးတာဘဲ… ၁၁ ရက်ကို တိုကျို-ကျိုတို-အိုစာကာ တော့အနည်းဆုံးသွားမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ခရီးစရိတ်အကုန်အကျများမယ်ထင်တယ်။ စျေးကြီးမှန်းသိပေမယ့် အဲ့လောက်စျေးကြီးမယ်တော့မထင်မိလိုက်ဘူး။

Hotel တွေ Booking လုပ်ပြီးတော့…. ခရီးသွား Plan လုပ်တော့ သတိထားမိတာက စင်ကာပူ-တိုကျို-စင်ကာပူ ထက် စင်ကာပူ-တိုကျို-အိုစာကာ-စင်ကာပူ လေယျာဉ်ခရီး စီစဉ်ခဲ့ရင်ကောင်းမှာဘဲဆိုတာဘဲ။ (သေချာ research မလုပ်ဘဲ သွားချင်စိတ်ရှေ့တန်းတင်ခဲ့တဲအကျိုးတစ်ခုဘဲလို့ဘဲမှတ်ယူပါတယ်)

ရက်ရှည်နိုင်ငံရပ်ခြား ခရီးစီစဉ်ရတာ တကယ်မလွယ်တာဘဲ။ ဟိုတယ် Booking လုပ်ဖို့ကိုဘဲ သုံးရက်လောက်ကြာတယ်… ရုံးကပြန်ရောက် ဘာမှလုပ်တာမဟုတ်ဘူး Hotel တွေလိုက်ကြည့်တယ် ခရီးစဉ်ဆွဲတယ်… ကုန်ကျစရိတ်အများကြီးမကုန်အောင်လည်း တစ်ချက်ဂရုစိုက်ကတယ်။ ကိုယ်ဆွဲတဲ့ခရီးစဉ်ကလည်း ကကျိုးဂဂျောင်မဖြစ်ရ​လေအောင်လည်း Research ကလုပ်ကသေးတယ်။ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်… အေးအေးဆေးဆေးမှသေချာလေးပြန်ရေးတော့မယ် မနက်ဖြန် VISA လျောက်ဖို့ကစောစောထကဦးမယ်…

2 responses for ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၁

  1. Hay Wun Hmu Kyaw says:

    သွားတော့မယ်ပေါ့ ငါကျမလိုက်ရဘူး????