ကျွန်တော်နှင့် Sunday တစ်ရက်

စနေညကဟိုလုပ်ဒီလုပ်နှင့် နည်းနည်းနောက်ကျသွားတယ်။ ထုံးစံအတိုင်း ၁ နာရီလောက်မှအိပ်ရာထဖြစ်တယ်။ သွားတိုက်မျက်နှာသစ်ပြီးတော့ သူငယ်ချင်းအိမ်ခန်းဖေါ်တွေ ထမင်း/ဟင်း ချက်ထားထာစားတယ်။ အိပ်ခန်းကလည်းတော်တော်လေးရှုပ်နေတာနှင့် ရှင်းပြီးတော့ Clementi မှာနေတဲ့သူငယ်ချင်းအိမ်ကိုလာလည်မယ်ပြောထားတာရှိလို့ သူအိမ်မှာရှိလားဆိုပြီးတော့ Telegram ကနေ Message ပို့တော့ ရှိတယ်ပြောတာနှင့် အဝတ်အစားလဲပြီးသူ့အိမ်ဘက်ထွက်လာခဲ့တယ်။ အိမ်ကနေထွက်ပြီးအိမ်အောက်ရောက်တော့ City Mapper App သုံးပြီးတော့ဘယ်လိုသွားမလဲကြည့်တော့ တိုက်ရိုက် Bus ရှိတာတွေ့လိုက်တယ်။ ဒါပေမယ့်မိုးလင်းကော်ဖီမသောက်ရရင် ခေါင်းကိုက်တက်တဲ့အကျင့်ကြောင့်မလို့ 7 Eleven ရှိတဲ့ဘက်ကိုထွက်လာပြီးတော့ ကော်ဖီဝယ်သောက်… နောက်တော့မထူးပါဘူးဆိုပြီး MRT ဘဲစီးတော့မယ်ဆိုပြီးထွက်လာတယ်။ Bishan ကနေ Clementi ဆိုတော့အဝါလိုင်းကနေအစိမ်းလိုင်းပြောင်းစီးဖြစ်တယ်။ သူငယ်ချင်းနှင့်တွေ့ပြီး Clementi Mall ထဲက NLB Library ကိုသွားဖြစ်တယ်။ Comic books တွေတွေ့လို့ Bird Man စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး ၁၀ […]