Learning Vim

I know the basics of Vim. Like how to move around and stuff. But, I never try as my main editor. But, in the past few days, I wanted to try Vim as my main editor. [ yep this happened when my MacBook pro was so heated when I run the unit tests and I […]

Meaning of Life

ဒီ YouTube က video လေးကြိုက်လို့ sub-title ကိုပြန်ပြီးတော့ Article အနေဖြင့်ရေးထားလိုက်တယ်။ YouTube ကြည့်နေရင်းနှင့် Lost ဖြစ်တဲ့သူတွေလည်း ဖတ်လို့ရအောင်ပေါ့။ There’s a true story about the student who showed up late to math class. He copied the problem that was already written on the board, assuming it was homework, and solved it that week. Only afterward did he find out the […]

Code Review

ကိုယ်ပိုင်မှတ်သားအသုံးပြု remind လုပ်ရန်ရေးသားထားခြင်းဖြစ်သည်။Thoughtbot က Code Review Guide၊ Google က Code Review Guide နှင့်အခြားသော Code Review best practices တွေပေါ် Reference ထားပြီးတော့ ကိုယ့်အာပေါ်နှင့်ကိုယ့်အတွေးများဖြင့် ကိုယ့်ကိုယ်တိုင်အတွက် ရေးသားထားခြင်းဖြစ်သည်။ Reviewer Guide Review လုပ်ရင်စစ်တဲ့အချက်တွေကိုအောက်မှာဖော်ပြထားပါတယ်… Code ကလက်ရှိ Code Base ရဲ့ style guide ကို follow လုပ်ရဲ့လား Code ကမလိုအပ်ဘဲ complex ဖြစ်နေသလား Code မှာ unit test ပါရဲ့လား Appropriate Naming တွေဖြစ်ရဲ့လား Comment တွေပါရင်လည်း ရှင်းလင်းအသုံးဝင်ရဲ့လား၊ လိုကောလိုအပ်ရဲ့လား မလိုအပ်ဘဲနှင့် over-engineering […]

Laravel Tips

ကျွန်တော့်ရုံးက PHP Laravel ကိုသုံးတော့ နေ့စဥ်ဒါတွေဘဲသုံးနေရတယ်။ သုံးနေရင်းနှင့်မှ ကိုယ်ရေးတဲ့ code base ကိုဘယ်လို improve လုပ်မလဲ အမြဲတမ်းသေချာလိုက်ကြည့်ဖြစ်တယ်။ Refactoring လုပ်တဲ့နေရာမှာ (သို့) Code ရေးမှာအသုံးဝင်တဲ့ Tips တွေ Trick တွေကိုမြင်ရင်… အော်ငါလည်းဒီလို improve လုပ်လို့ရပါ့ဘဲဆိုပြီးဖြစ်မိတယ်။ ကိုယ်ရေးနေရင်းနှင့်လည်း ဟာဒီလိုလေးဟိုအပိုင်းမှာလုပ်လိုက်ရင်အဆင်ပြေမှာဘဲလို့ light bulk လေးပေါ်တယ်။ အဲ့လိုဖြစ်တိုင်း အရင်ကကိုယ်သုံးနေကျ Notes လေးတွေထဲမှတ်လိုက်… telegram ထဲမှာဘဲပြန်ပို့ပြီးတော့ အားလုံးကဟိုတစ်စုဒီတစ်စုဖြစ်နေတယ်။ အဲ့လိုမျိုးတစ်စုစီဖြစ်နေတာတွေကို အခု Laravel Tips ဆိုပြီး GitHub repo လုပ်ပြီး ပြန် share လိုက်တယ်။ Laravel Tips – https://github.com/setkyar/laravel-tips

၂၀၂၀ မှာဘာတွေလုပ်…

၂၀၁၉ တုန်းကဘာတွေလုပ်ဖြစ်လဲမေးရင် လုပ်ဖြစ်တာတွေတော့အများကြီးဘဲ။ ဒါပေမယ့် List ဘာမှမရှိဘူး။ သေချာကိုယ့်ကိုယ်ကိုပြန်စမ်းစစ်လို့မရဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့်မလို့ ဒီ Post ရေးပြီးတော့ကိုယ့်ကိုယ်ကို track ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ ဒီ Background နှင့်ကောင်တွေ့ကတက်နေဆဲ Course တွေ။ ဒီ Background နှင့်ကောင်တွေက ကိုယ်တက်ပြီးလိုက်လုပ်ပြီးသွားတဲ့ Course… လက်ရှိကျွန်တော်လိုက်လုပ်နေတဲ့ Course ကတော့ www.usegolang.com ဘဲ။ အရင်အခြေခံ Go လောက်နည်းနည်းလုပ်ဖူးပေမယ့် သေချာ application development structure တွေဘာတွေဘယ်လိုမျိုးချကြလဲ workflow ကဘယ်လိုလဲဆိုတာမျိုးတွေမသိလို့မလို့ ဒီ Course ကနေလေ့လာဖြစ်နေတယ်။ ရုံးပိတ်ရက်စနေနေ့လိုမျိုးမှဘဲသေချာလိုက်လုပ်ဖြစ်တယ်။ တက်ပြီးသွားရင်တော့ဘယ်လိုမျိုး Knowleadge ရလဲဆိုတာမျိုးကိုဖော်ပြရေးသားသွားမယ်။

၂၀၂၀ မှာဘာစာအုပ်တွေဖတ်

၂၀၂၁ မရောက်မချင်းဤဆောင်းပါးသည်ဆက်တိုက်ရေးသားဆဲဖြစ်နေမည်။ Goodreads ကိုသုံးရတာလုံးဝမကြိုက်လို့ ၂၀၁၉ track လုပ်ထားတာလေးတွေလည်းသေချာမလုပ်ဖြစ်လိုက်ဘူး။ ဒါပေမယ့်နှစ်စမလို့ထင်တယ်ဒီနှစ်မှာဘာတွေဖတ်ဖြစ်လဲဆိုတာတော့ track လုပ်ချင်တာမလို့ဒီ Post လေးကိုစာအုပ်တစ်အုပ်ဖတ်ဖြစ်တိုင်း track လုပ်မယ်ဆိုပြီးတော့လုပ်ထားလိုက်တယ်… နောက်ခံလိမ်မော်ရောင်ပြထားတဲ့စာအုပ်များသည်ကျွန်တော်အဆုံးထိဖတ်ပြီးသားဖြစ်သည်။ နောက်ခံအဝါရောင်ပြထားသော စာအုပ်များသည် ကျွန်တော်ဖတ်လတ်စစာအုပ်များဖြစ်သည်။ Help I have a Manger ဆိုတဲ့ zine (zeen လို့အသံထွက်တယ်) စာအုပ်တောင်မဟုတ်ပါဘူး… Article လောက်ဘဲရှိတာလေးဖတ်ဖြစ်တယ်။ ဒါပေမယ့်ဒီ list ထဲဘာလို့ထည့်လဲဆိုရင် စာအုပ်နှစ်အုပ်စာလောက်တန်ဖိုးရှိတယ်လို့ခံစားရလို့ပါ။ Manger အလုပ်ဆိုတာဘာလဲစိတ်ဝင်စားတဲ့သူတွေဖတ်ကြည့်သင့်တယ်။ နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ The Manager’s Path ဆိုတဲ့စာအုပ်။ ၂၀၁၉ လက်ကျန်ပီးခံနီးနေပီ… ခဏထားထားတာ… ပီးမှဖတ်မယ်ဆိုပီးတော့ 😁။ သူလည်း Management မလုပ်ချင်တဲ့သူတွေလည်းဖတ်ထားဖို့သင့်တယ်။ ကိုယ့်အထက်ကလူတွေကဘာတွေလုပ်ရလဲဆိုတာတော့အနည်းဆုံးသိရတာပေါ့။ စာအုပ်ကအဓိက techinical management စာအုပ်လို့တောင်ပြောလို့ရတယ်။ နောက်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ကတော့ […]

ဂျပန်သွားဖို့ပြင်ဆင်ခြင်း-၂

အခုဒီစာရေးနေတဲ့အချိန်မှာ တိုကျိုမှာဘဲရှိသေးတယ်။ သိပ်မအိပ်ချင်သေးတာနှင့် ခရီးသွားအတွေ့အကြုံလေးတွေရေးမယ်ဆိုပြီးချရေးဖြစ်တယ်။ ပထမပိုင်းတုန်းက Visa အတွေ့အကြုံတွေအကြောင်းရေးခဲ့ပြီးပီ။ အခုဒီအပိုင်းမှာတော့ သွားဖို့လာဖို့ပြင်ဆင်တာလေးတွေ ရေးသားသွားမယ်။ လေယျာဉ်လက်မှတ်ကတော့ VISA မလျောက်ခင်ကတည်းကဝယ်ထားရမယ်ဆိုတာသိလို့ ၆ လ ၇ လလောက်ကြိုဝယ်ထားဖြစ်တယ်… Singapore Airline မှ 600 လောက်ဘဲကျတယ်။ (မှတ်ချက် ကျွန်တော်က စင်ကာပူမှသွားတာဖြစ်တယ်။) ဒါတွေပြီးပီဆိုရင်တော့ နေထိုင်စရာပြင်ဆင်ကမယ်… ကျွန်တော့်တုန်းကအသဲအသန် အမြန်ရှာတာ Hotel စျေးတွေကြည့်ပြီးတော့ တော်တော်လေးခေါင်းခဲကတယ်… အဲ့ဒါပြင်ဆင်တာကိုဘဲ သုံးရက်လောက်ကြာသွားတယ်။(ရုံးအပြန်မှလုပ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့လောက်ကြာသွားခြင်းဖြစ်တယ်) Hotel ရွေးတဲ့နေရာမှာရွေးချယ်စရာတွေအများကြီးဘဲ… စျေးသင့်တာနှင့်သွားလို့လာလို့အကောင်းဆုံးဖြစ်မယ့် Hotel တွေရွေးဖြစ်တယ်…(ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံဆိုတော့ နည်းနည်းလွဲတာလေးတွေတော့ရှိတာပေါ့) သွားမယ့်ရက်နားနီးမှဘယ်မြို့တွေသွားမယ်ဆိုပြီးရွေးတော့သွားချင်တဲ့နေရာတွေအများကြီးဖြစ်နေတယ် စရိတ်စကနှင့်ကိုယ့် budget ပြန်တွက်လိုက်တော့ Tokyo-Kyoto-Nara-Osaka-Tokyo ခရီးစဉ်ဘဲဖြစ်သွားတယ်… အဲ့မှာမှ JR Pass ဆိုတာကိုသေချာစကြည့်မိတယ်… မြို့တစ်မြို့နှင့်တစ်မြို့သွားဖို့ကျည်ဆံရထားနှင့်သွားရင်လက်မှတ်ခကစျေးကြီးတယ်… JR Pass […]

This Impossible Light

ဟိုတစ်နေ့က Clementi ကသူငယ်ချင်းဆီသွားရင်း Library ပါတော့ လူငယ်စာအုပ်တန်းမှာ ဒီ this impossible light ဆိုတဲ့စာအုပ်တွေ့လို့ နည်းနည်းစမ်းဖတ်ကြည့်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလာတာနှင့် ငှါးဖြစ်ခဲ့တယ်။ လေးငါးဆယ်မျက်နှာလောက်ဘဲဖတ်ဖြစ်ပြီးတော့ ဆက်မဖတ်ဖြစ်လိုက်ဘူး။ ဒီနေ့မှအပြီးဖတ်မယ်ဆိုပြီး ဖတ်ဖြစ်လိုက်တယ်။ ပေါ့ပေါ့ပါးပါးကဗျာလေးတွေဖတ်နေရသလိုဘဲ။ ၁၅ နှစ်အရွယ်ကိုယ့်ကိုယ်ကို Smart Girl ထင်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးထားတာ။ အဓိကကတော့လူငယ် မိန်းကလေးတွေမှာဖြစ်တက်တဲ့ ငါဝနေပီ ဆိုတာမျိုးဖြစ်ပြီး အလွန်အကျူး ကိုယ်စိတ်ထင်တဲ့နည်းနှင့် ဝိတ်လျှော့တာမျိုးလုပ်တာကို ပညာပေးလိုလို စိတ်ကူးပုံဖော်ထားသလို ရေးထားတာပါ။ စာအရေးအသားကကဗျာလိုရေးထားတော့ဖတ်ရတာအတော်လေးအရသာတွေ့မိတယ်။ ပေါ့ပေါ့ပါးပါး တစ်နာရီနှစ်နာရီလောက် အချိန်ပေးဖတ်တာနှင့် ပြီးတဲ့စာအုပ်ဖြစ်တာမလို့ သဘောကျမိတယ်။ ကျောင်းစာကြည့်တိုက်လိုမျိုးမှာရှိသင့်တဲ့စာအုပ်တစ်အုပ်ဆိုမမှားပါဘူး။ ကဗျာလိုဝတ္ထုရေးတာကိုပေါ့ပေါ့ပါးပါးဖတ်ချင်တယ်ဆိုရင်တော့ ဖတ်ကြည့်သင့်တယ်။ ဖတ်မယ်ဆို Target audience က လူငယ်ဆယ်ကျော်သက်တွေအတွက်ဆိုတာကိုတော့ စိတ်ထဲမှာထည့်ထားပေါ့။